Zawgyi

လာမယ့္ စက္တင္ဘာလေနာက္ပိုင္းနဲ႔ ေအာက္တိုဘာလထဲမွာ Huawei Mate 30 Pro ၊ Google Pixel 4 အစရွိတဲ့ စမတ္ဖုန္းေတြအမ်ားအျပားကို ဆက္လက္မိတ္ဆက္ေတာ့မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီစမတ္ဖုန္းေတြတင္မဟုတ္ဘဲ ေနာက္ထပ္မတူညီတဲ့ Event တစ္ခုကိုလည္း လာမယ့္ ေအာက္တိုဘာလ ၂ ရက္ေန႔ေရာက္ရင္ ျမင္ေတြ႕ရေတာ့မွာပါ။

ဒါကေတာ့ Microsoft ရဲ႕ Surface Event ပဲျဖစ္ၿပီးေတာ့ ပုံမွန္အားျဖင့္ ႏိုဝင္ဘာလဝန္းက်င္မွ မိတ္ဆက္ေနၾက Surface Event က ဒီႏွစ္မွာေတာ့ အနည္းငယ္ေစာၿပီး မိတ္ဆက္လာတာပဲျဖစ္ပါတယ္။ အခု Event မွာ Surface Pro 7 နဲ႔ Surface Laptop 3 လိုမ်ိဳး Product အသစ္ေတြကို အဓိကျမင္လာရဖို႔ရွိေနပါတယ္။

ဒါေပမယ့္ Microsoft ကေန အခု Surface Event မွာ တစ္ခါမွမျမင္ဘူးေသးတဲ့ Product အသစ္ေတြကိုပါ မိတ္ဆက္လာမယ္ဆိုၿပီး ေျပာၾကားလာခဲ့ပါတယ္။ အဲ့ဒီအတြက္ ျဖစ္ႏိုင္တာက Microsoft ကေန Intel Processor သုံး Surface Product ေတြအျပင္ AMD နဲ႔ ARM Processor သုံး Surface Product ေတြကို မိတ္ဆက္လာႏိုင္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Dual Screen နဲ႔ Surface Laptop တစ္ခုကိုလည္း မိတ္ဆက္ဦးမယ္ဆိုၿပီး သတင္းေတြထြက္ေနတာပါ။

ဘာပဲျဖစ္ျဖစ္ စမတ္ဖုန္း Launch Event တစ္ခုမဟုတ္ေပမယ့္လည္း လာမယ့္ ေအာက္တိုဘာလ ၂ ရက္ေန႔မွာ ျပဳလုပ္သြားမယ့္ Microsoft Surface Event က ေစာင့္ၾကည့္ရမယ့္ Event တစ္ခုျဖစ္လာမွာပါ။

Ref – BGR

Unicode

လာမယ့် စက်တင်ဘာလနောက်ပိုင်းနဲ့ အောက်တိုဘာလထဲမှာ Huawei Mate 30 Pro ၊ Google Pixel 4 အစရှိတဲ့ စမတ်ဖုန်းတွေအများအပြားကို ဆက်လက်မိတ်ဆက်တော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီစမတ်ဖုန်းတွေတင်မဟုတ်ဘဲ နောက်ထပ်မတူညီတဲ့ Event တစ်ခုကိုလည်း လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ရောက်ရင် မြင်တွေ့ရတော့မှာပါ။

ဒါကတော့ Microsoft ရဲ့ Surface Event ပဲဖြစ်ပြီးတော့ ပုံမှန်အားဖြင့် နိုဝင်ဘာလဝန်းကျင်မှ မိတ်ဆက်နေကြ Surface Event က ဒီနှစ်မှာတော့ အနည်းငယ်စောပြီး မိတ်ဆက်လာတာပဲဖြစ်ပါတယ်။ အခု Event မှာ Surface Pro 7 နဲ့ Surface Laptop 3 လိုမျိုး Product အသစ်တွေကို အဓိကမြင်လာရဖို့ရှိနေပါတယ်။

ဒါပေမယ့် Microsoft ကနေ အခု Surface Event မှာ တစ်ခါမှမမြင်ဘူးသေးတဲ့ Product အသစ်တွေကိုပါ မိတ်ဆက်လာမယ်ဆိုပြီး ပြောကြားလာခဲ့ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာက Microsoft ကနေ Intel Processor သုံး Surface Product တွေအပြင် AMD နဲ့ ARM Processor သုံး Surface Product တွေကို မိတ်ဆက်လာနိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Dual Screen နဲ့ Surface Laptop တစ်ခုကိုလည်း မိတ်ဆက်ဦးမယ်ဆိုပြီး သတင်းတွေထွက်နေတာပါ။

ဘာပဲဖြစ်ဖြစ် စမတ်ဖုန်း Launch Event တစ်ခုမဟုတ်ပေမယ့်လည်း လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ပြုလုပ်သွားမယ့် Microsoft Surface Event က စောင့်ကြည့်ရမယ့် Event တစ်ခုဖြစ်လာမှာပါ။

Ref – BGR