Microsoft ကုမ္ပဏီဟာ အခုနှစ်အတွင်းမှာ Surface Duo ကို မိတ်ဆက်လာမှာပါ။ အခုထွက်လာတဲ့ သတင်းအရ Microsoft ဟာ Surface Duo ကိုအမြန်ဆုံးဈေးကွက်ထဲမိတ်ဆက်နိုင်ဖို့အတွက် Android 10 OS ဖြင့်သာ မိတ်ဆက်တင်ပို့မှာ ဖြစ်ပေမယ့် Android 11 Update အတွက် ကြိုတင်ပြီး Develop လုပ်နေပြီလို့ ဆိုပါတယ်။

ဒါ့ကြောင့် Android 11 OS ထွက်လာတာနဲ့ သိပ်မကြာခင် Surface Duo မှာ အသုံးပြုနိုင်ဖို့ အလားအလာကောင်းနေပြီး Edge နဲ့ Outlook App တွေကိုလည်း Duo ရဲ့ Screen နှစ်ခုနဲ့ ကိုက်ညီအောင် ဖန်တီးနေတယ်လို့ ဆိုပါတယ်။

Surface Duo ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာတည်းက မိတ်ဆက်ခဲ့ပြီး အခုနှစ် အားလပ်ရက်ရာသီမတိုင်ခင် ဈေးကွက်ထဲ ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ အခုတလော သတင်းတွေကတော့ Surface Duo ကို ဇူလိုင်လမှာ မြင်ရမယ်လို့ ပြောလာကြပြီး နဂိုမျှော်မှန်းထားတဲ့ 2020 Q4 ကာလထက် အများကြီးစောနေပါသေးတယ်။

မိတ်ဆက်ပွဲမှာတော့ Microsoft ဟာ 5.6” AMOLED Screen နှစ်ခုပါဝင်တဲ့ Surface Duo ကို ပြသခဲ့ပြီး Hinge တစ်ခုနဲ့ ချိတ်ဆက်ထားကာ 360 ဒီဂရီ လှည့်နိုင်ပါတယ်။ Microsoft Pen နဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပြီး Microsoft Apps တွေနဲ့ Microsoft 365 Subscribe လုပ်ထားသူတွေအတွက် Multi-tasking ပြုလုပ်နိုင်စွမ်းလည်း ပါဝင်ပါတယ်။ Snapdragon 855 ချစ်ပ်ဆက်ကိုသာ အသုံးပြုထားခဲ့တဲ့အတွက် 5G တော့ ထောက်ပံ့မပေးနိုင်ပါဘူး။

အခုတလော Leak သတင်းတွေအရတော့ 6GB RAM / 256GB Storage နဲ့ ပွဲထွက်လာမှာဖြစ်ပြီး 11MP ကင်မရာနဲ့ 3,460 mAh ဘက္ထရီတို့လည်း ပါဝင်မယ်လို့ ဆိုထားပါတယ်။

Ref – GSMArena