Microsoft ဟာ အခုနောက်ဆုံးအနေနဲ့ Google Chromebook တွေကို ယှဥ်ပြိုင်ဖို့အတွက် Surface Laptop SE ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ယခင်တုန်းက Microsoft ဟာ Surface Laptop Go နာမည်နဲ့ စျေးသက်သာတဲ့ Laptop ကို မိတ်ဆက်ခဲ့ဖူးပေမယ့် အခု Surface Laptop SE က စျေးအသက်သာဆုံး Surface Product ဖြစ်လာပြီလို့ ပြောရမှာပါ။

Microsoft Surface Laptop SE ဟာ စျေးနှုန်းအနေနဲ့ $249 ကနေ စတင်မှာဖြစ်ပြီး ပုံမှန် Chromebook တွေထက်တောင် သက်သာနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျောင်းတွေနဲ့ ကျောင်းသားတွေကိုပဲ ရောင်းချသွားမှာဖြစ်တာကြောင့် တခြားသော အသုံးပြုသူတွေအနေနဲ့ ဝယ်ယူနိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။

နောက်ထပ် Software ပိုင်းအရလည်း Microsoft ဟာ Surface Laptop SE ကို Windows 11 SE နဲ့ပဲ တွဲဖက်အသုံးပြုပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Windows 11 SE ဟာ Student Edition ကို အတိုကောက်ခေါ်ဆိုထားတာဖြစ်ပြီး ကျောင်းသားတွေအတွက် Chrome OS နဲ့ ယှဥ်ပြိုင်သွားမယ့် OS တစ်ခုဖြစ်ပါတယ်။

Surface Laptop SE ဟာ စျေးသက်သာတဲ့ Laptop တစ်ခုဖြစ်တာကြောင့် ကိုယ်ထည်ကို ပလတ်စတစ်နဲ့ပဲပြုလုပ်ထားတာဖြစ်ပြီး 11.6″ HD Display ကိုပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက တခြားသော Surface Product တွေလိုမျိုး 3:2 Aspect Ratio အစား 16:9 Aspect Ratio ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ Intel ရဲ့ Celeron N4020 သို့မဟုတ် N4120 ကိုအသုံးပြုထားပြီး RAM 4GB သို့မဟုတ် 8GB ထည့်သွင်းထားမှာဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ 64GB သို့မဟုတ် 128GB eMMC Storage ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အတွက်ကတော့ 1MP 720p Webcam ပဲပါဝင်မှာပါ။ Port တွေအနေနဲ့လည်း USB-A ၊ USB-C ၊ 3.5mm Headphone Jack နဲ့ DC Charging Port တွေပဲ ပါဝင်မှာဖြစ်ပါတယ်။

Ref – The Verge