Xiaomi ကနေ ပြီးခဲ့တဲ့ ဧပြီလတုန်းက MIUI 12 ကို တရုတ်နိုင်ငံမှာမိတ်ဆက်ခဲ့သလို Global စျေးကွက်အတွက်လည်း မေလအတွင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာလည်း Xiaomi ရဲ့ တချို့သောစမတ်ဖုန်းတွေအတွက် MIUI 12 Stable Beta Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ စမတ်ဖုန်းတွေကတော့ မနှစ်တုန်းကအောင်မြင်ခဲ့တဲဖုန်းတွေဖြစ်တဲ့ Xiaomi Mi 9 ၊ Mi 9T ၊ Mi 9T Pro နဲ့ Redmi K20 ၊ K20 Pro ဖုန်းတွေဖြစ်ပြီးတော့ အဆိုပါဖုန်းကို အသုံးပြုနေတယ်ဆိုရင် MIUI 12 Stable Beta Update ကိုရယူနိုင်ပါပြီ။ ဒါပေမယ့် Beta Version ဖြစ်နေဆဲဖြစ်တဲ့အတွက် ယခု Link ကနေ Mi Pilot Program ကို ဝင်ရောက်ပြီးမှပဲ Download ပြုလုပ်နိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် ယခု MIUI 12 Stable Beta Update ဟာ Feature ပိုင်းပြောင်းလဲမှုတွေအများအပြားပါဝင်မှာဖြစ်ပေမယ့် Beta Version ဖြစ်နေတဲ့အတွက် ပုံမှန်နေ့တိုင်းအသုံးပြုမယ်ဆိုရင်တော့ တချို့ Error နဲ့ Bug အချို့ကို ကြုံရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခင် Closed Beta Version တွေနဲ့ယှဥ်ရင်တော့ သိသိသာသာကို ပိုပြီး Bugs တွေနည်းသွားပြီလို့ ပြောလို့ရပါတယ်။

တကယ်လို့ လုံးဝ Stable Build Update ကိုစောင့်ချင်တယ်ဆိုရင်လည်း ယခု Beta Update ဟာ နောက်ဆုံး Beta Update ဖြစ်တဲ့အတွက် Error ကြီးကြီးမားမားမရှိနေဘူးဆိုရင် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena