Unicode

ထွက်ပေါ်လာခဲ့တာ နှစ်အနည်းငယ်ရှိသွားပြီဖြစ်တဲ့ Mobile Legends: Bang Bang ဟာ တရုတ်နိုင်ငံအပြင်ဘက် အိမ်နီးချင်း အရှေ့တောင်အာရှဒေသတွင်းမှာတော့ လူဆော့အများဆုံး မိုဘိုင်း MOBA ဂိမ်းဖြစ်ပါတယ်။ Esports ထွန်းကားတဲ့ တရုတ်နဲ့ ဥရောပနိုင်ငံအများစုမှာ Arena of Valor အစရှိတဲ့ ဂိမ်းတွေခေတ်စားပေမယ့် SEA (အရှေ့တောင် အာရှ) ဒေသမှာတော့ MLBB ဟာ အားပေးသူအများဆုံးဂိမ်းလို့ ဆိုရမှာပါ။

၂၀၁၉ ခုနှစ်မှာ အခြား Esports များနည်းတူ နိုင်ငံတကာအဆင့် ပြိုင်ပွဲအဖြစ် M1 World Championship ကို စတင်ကျင်းပလာခဲ့ပြီး မြန်မာနိုင်ငံက စတုတ္ထရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်ထွက်ပေါ်လာခဲ့တဲ့ ဒီဂိမ်းဟာ အခုချိန်မှာ အကြိမ်ပေါင်း သန်း ၂၈၀ ကျော် Download ပြုလုပ်ခံခဲ့ရပြီး မလေးရှား၊ အင်ဒို၊ ဖိလစ်ပိုင် တို့မှာ အရင်ဆုံး အောင်မြင်မှုရရှိခဲ့တာပါ။

၂၀၁၉ ခုနှစ် တစ်ခုတည်းမှာတင် ဂိမ်းထုတ်လုပ်သူ Moonton ဟာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁၄ သန်း ရရှိခဲ့ပြီး တစ်သက်တာဝင်ငွေစုစုပေါင်း ဒေါ်လာသန်း ၅၀၀ ကျော်သွားခဲ့ပါတယ်။ M1 World Championship အပြင် နိုင်ငံအချို့မှာ နှစ်စဉ်ကျင်းပနေတဲ့ MPL စီးရီးပြိုင်ပွဲတွေကလည်း သူတို့ရဲ့ လူကြိုက်များမှုကို ဆက်လက်မြှင့်တင်ထားဆဲဖြစ်ပါတယ်။

တရုတ်ပြည်တွင်းမှာ Honor of Kings ဆိုတဲ့အမည်နဲ့လူကြိုက်များနေတာ ကြာပြီဖြစ်ပေမယ့် ပြင်ပဈေးကွက်ကို Arena of Valor အမည်နဲ့ နောက်ကျမှရောက်လာတဲ့ မိုဘိုင်းဂိမ်းဟာ MLBB နဲ့ အမျိုးအစားတူဖြစ်ပြီး လက်ရှိမိုဘိုင်းဂိမ်းတွေ ထဲမှာ ဝင်ငွေနဲ့ Download ကြိမ်ရေအများဆုံး (ရာခိုင်နှုန်းအများစုကတော့ တရုတ်ဈေးကွက်က လာခဲ့တာပါ) ဖြစ်ပါတယ်။

ဒါပေမယ့် SEA ဈေးကွက်မှာတော့ အခြေကျနေပြီဖြစ်တဲ့ MLBB ကို ယှဉ်ပြိုင်ဖို့ မလွယ်ကူသေးပါဘူး။ အခု ၂၀၂၀ ခုနှစ်မှာတော့ League of Legends အပါအဝင် အခြားပလက်ဖောင်းပေါင်းစုံက အောင်မြင်ပြီးသား ဂိမ်းကြီးတွေ မိုဘိုင်းကို စုပြုံပြီးဝင်လာမှာ ဖြစ်တဲ့အတွက် ဘယ်လိုရလဒ်ထွက်ပေါ်လာဦးမလဲဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။ မိုဘိုင်းဂိမ်မာတွေ အတွက်တော့ စိတ်ကြိုက်ရွေးချယ်စရာ ပေါများလာတာက အမြတ်ပဲဖြစ်ပါတယ်။

Ref – AFKGaming

Zawgyi

ထြက္ေပၚလာခဲ့တာ ႏွစ္အနည္းငယ္ရွိသြားၿပီျဖစ္တဲ့ Mobile Legends: Bang Bang ဟာ တရုတ္ႏုိင္ငံအျပင္ဘက္ အိမ္နီးခ်င္း အေရွ႕ေတာင္အာရွေဒသတြင္းမွာေတာ့ လူေဆာ့အမ်ားဆုံး မုိဘုိင္း MOBA ဂိမ္းျဖစ္ပါတယ္။ Esports ထြန္းကားတဲ့ တရုတ္နဲ႔ ဥေရာပႏုိင္ငံအမ်ားစုမွာ Arena of Valor အစရွိတဲ့ ဂိမ္းေတြေခတ္စားေပမယ့္ SEA (အေရွ႕ေတာင္ အာရွ) ေဒသမွာေတာ့ MLBB ဟာ အားေပးသူအမ်ားဆုံးဂိမ္းလို႔ ဆုိရမွာပါ။

၂၀၁၉ ခုႏွစ္မွာ အျခား Esports မ်ားနည္းတူ ႏုိင္ငံတကာအဆင့္ ၿပိဳင္ပြဲအျဖစ္ M1 World Championship ကုိ စတင္က်င္းပလာခဲ့ၿပီး ျမန္မာႏုိင္ငံက စတုတၳရရွိခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ စတင္ထြက္ေပၚလာခဲ့တဲ့ ဒီဂိမ္းဟာ အခုခ်ိန္မွာ အႀကိမ္ေပါင္း သန္း ၂၈၀ ေက်ာ္ Download ျပဳလုပ္ခံခဲ့ရၿပီး မေလးရွား၊ အင္ဒို၊ ဖိလစ္ပုိင္ တုိ႔မွာ အရင္ဆုံး ေအာင္ျမင္မႈရရွိခဲ့တာပါ။

၂၀၁၉ ခုႏွစ္ တစ္ခုတည္းမွာတင္ ဂိမ္းထုတ္လုပ္သူ Moonton ဟာ ဝင္ေငြ အေမရိကန္ေဒၚလာ ၂၁၄ သန္း ရရွိခဲ့ၿပီး တစ္သက္တာဝင္ေငြစုစုေပါင္း ေဒၚလာသန္း ၅၀၀ ေက်ာ္သြားခဲ့ပါတယ္။ M1 World Championship အျပင္ ႏုိင္ငံအခ်ဳိ႕မွာ ႏွစ္စဥ္က်င္းပေနတဲ့ MPL စီးရီးၿပိဳင္ပြဲေတြကလည္း သူတုိ႔ရဲ႕ လူႀကိဳက္မ်ားမႈကို ဆက္လက္ျမွင့္တင္ထားဆဲျဖစ္ပါတယ္။

တရုတ္ျပည္တြင္းမွာ Honor of Kings ဆုိတဲ့အမည္နဲ႔လူႀကိဳက္မ်ားေနတာ ၾကာၿပီျဖစ္ေပမယ့္ ျပင္ပေစ်းကြက္ကို Arena of Valor အမည္နဲ႔ ေနာက္က်မွေရာက္လာတဲ့ မုိဘုိင္းဂိမ္းဟာ MLBB နဲ႔ အမ်ဳိးအစားတူျဖစ္ၿပီး လက္ရွိမုိဘုိင္းဂိမ္းေတြ ထဲမွာ ဝင္ေငြနဲ႔ Download ႀကိမ္ေရအမ်ားဆုံး (ရာခုိင္ႏႈန္းအမ်ားစုကေတာ့ တရုတ္ေစ်းကြက္က လာခဲ့တာပါ) ျဖစ္ပါတယ္။

ဒါေပမယ့္ SEA ေစ်းကြက္မွာေတာ့ အေျခက်ေနၿပီျဖစ္တဲ့ MLBB ကို ယွဥ္ၿပိဳင္ဖို႔ မလြယ္ကူေသးပါဘူး။ အခု ၂၀၂၀ ခုႏွစ္မွာေတာ့ League of Legends အပါအဝင္ အျခားပလက္ေဖာင္းေပါင္းစုံက ေအာင္ျမင္ၿပီးသား ဂိမ္းႀကီးေတြ မုိဘုိင္းကို စုၿပဳံၿပီးဝင္လာမွာ ျဖစ္တဲ့အတြက္ ဘယ္လိုရလဒ္ထြက္ေပၚလာဦးမလဲဆုိတာ ေစာင့္ၾကည့္ၾကရဦးမွာပါ။ မုိဘုိင္းဂိမ္မာေတြ အတြက္ေတာ့ စိတ္ႀကိဳက္ေရြးခ်ယ္စရာ ေပါမ်ားလာတာက အျမတ္ပဲျဖစ္ပါတယ္။

Ref – AFKGaming