TicWatch Pro 3 ကို ဖန်တီးရောင်းချထားတဲ့ Mobvoi က ကျန်းမာရေး နည်းပညာ ကုမ္ပဏီ CardieX နဲ့ ပူးပေါင်းကာ Fitness Tracker အသစ် ၁ ခုကို မိတ်ဆက်လိုက်ပါတယ်။ TicWatch GTH Pro မှာ သွေးကြော ကျန်းမာရေးကို တွက်ချက်ပေးနိုင်တဲ့ နှလုံးကျန်းမာရေး စောင့်ကြည့်စစ်ဆေးတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

Mobvoi announces TicWatch GTH Pro with arterial health sensing

TicWatch GTH Pro ကို ကုမ္ပဏီ ၂ ခု ၂ နှစ်ကြာ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး ခန္တာကိုယ်တွင်း သွေးစီးဆင်းမှုတွေကနေ သွေးခုန်နှုန်း အားကို တွက်ချက်ပေးနိုင်တဲ့ ATCOR နည်းပညာကို အသုံးပြုထားပါတယ်။ သွေးကြော လှိုင်းပုံစံတွေကို တွက်ချက်ခြင်းအားဖြင့် GTH Pro ဟာ ဝတ်ဆင်ထားသူရဲ့ နှလုံး ကျန်းမာရေးကို အသေးစိတ် စစ်ဆေးပေးနိုင်ပါတယ်။

Mobvoi announces TicWatch GTH Pro with arterial health sensing

Tracker မှာ Dual PPG Sensor တွေကို သုံးထားပြီး လက်ကောက်ဝတ်ကို မျက်နှာမူထားတဲ့ နှလုံးခုန်နှုန်း Sensor အပြင် လက်ချောင်းကနေပါ တွက်ချက်နိုင်အောင် ဘေးဘက်မှာ ဒုတိယ Optical Sensor ၁ လုံးပါ ထည့်သွင်းပေးထားပါတယ်။ အဲဒီ သတင်းအချက်အလက်တွေကို iOS နဲ့ Android အတွက် ထုတ်လုပ်ပေးထားတဲ့ Mobvoi App ကို ပို့ဆောင်ပေးပြီး Arty Score မှာ ရလဒ်တွေကို ပြသပေးပါတယ်။

Mobvoi launches TicWatch GTH Pro with arterial health tracking - Gizmochina

လေ့ကျင့်ခန်း ၁၄ ခုကို တွက်ချက်ပေးနိုင်ပြီး သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှု အခြေအနေတွေကို တိုင်းတာပေးနိုင်ပါတယ်။ ဒါတင် မကသေးဘဲ အရေပြားရဲ့ အပူချိန်ကို စဉ်ဆက်မပြတ် တွက်ချက်ပေးနိုင်ပါတယ်။

အားအပြည့်သွင်းထားရင် ဘက်ထရီ သက်တမ်းက ၇ ရက်ကနေ ၁၀ ရက်အထိ အသုံးခံပြီး အားအပြည့်သွင်းဖို့ ၂ နာရီ ကြာမြင့်ပါတယ်။ ဖြုတ်၊ တပ် နိုင်တဲ့ ၂၀ မီလီမီတာ လက်ပတ်ကြိုး တပ်ဆင်ထားပြီး မျက်နှာပြင်ကို 2.5D Glass နဲ့ ဖုံးအုပ်ထားပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး Graphite Black ၁ ရောင်ထဲ ထုတ်လုပ်ထားပါတယ်။ Mobnoi.com နဲ့ Amazon ကနေ ၉၉ ဒေါ်လာနဲ့ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ၁၇၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။

Ref : gsmarena