Mobvoi က ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ TicWatch C2 ကို ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်နာရီဟာ ဒီဇိုင်းလန်းပြီး WearOS ထည့်ထားတာပါ။ အခုတော့ ကုမ္ပဏီက အနည်းငယ် အဆင့်မြှင့်ထားတဲ့ မော်ဒယ် အသစ် TicWatch C2+ ကို ကြေညာလိုက်ပြီး 1GB RAM ပါလာပါတယ်။ သားရေ လက်ပတ်ကြိုး တပ်ဆင်ထားတဲ့ အပြင် ဘူးထဲမှာ ဆီလီကွန် လက်ပတ်ကြိုး ၁ ခုကို အပို ထည့်ပေးထားပါတယ်။ Watch Faces တွေက အရင်မျိုးဆက်နဲ့ တူညီပါတယ်။

TicWatch C2+ မှာ ၁.၃ လက်မ AMOLED 360x360p မျက်နှာပြင် ထည့်ထားပြီး ၄၂.၈ မီလီမီတာ အရွယ်အစား ၁ မျိုးပဲ ထုတ်လုပ်ပေးထားပါတယ်။ Snapdragon Wear 2100 Chipset မောင်းနှင်ထားပြီး အရင်မျိုးဆက်ထက် ၂ ဆ ပိုများတဲ့ 1GB RAM ပါပါတယ်။ အားကစားနည်းများစွာကို တွက်ချက်တိုင်းတာပေးနိုင်ပြီး GPS ထည့်ထားပါတယ်။

နှလုံးခုန်နှုန်း တိုင်းတာပေးပြီး NFC ပါလာပါတယ်။ 400mAh ဘက်ထရီ ထည့်ထားပြီး ၃၆ နာရီ အသုံးခံပါတယ်။ IP68 စံနှုန်း ရှိတဲ့အတွက် ရေစိုခံပါတယ်။ ၂၁၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၉ သောင်းလောက် ရှိပါတယ်။ Onyx Black, Platinum Silver နဲ့ Rose Gold ၃ ရောင် ထုတ်လုပ်ထားပြီး ကုမ္ပဏီ ဝက်ဘ်ဆိုက်နဲ့ Amazon ကနေ ရောင်းပေးနေပါပြီ။

Ref : gsmarena