NFTs (Non-fungible Tokens) တွေဟာ ၂၀၁၄ ခုနှစ်ကတည်းက စတင် ပေါ်ပေါက်လာတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လတွေအတွင်းမှာ အရမ်းကို ရေပန်းစားလာပါတယ်။ Celebrity တွေဟာလည်း NFTs တွေ ဖန်တီးရောင်းချကာ ဒေါ်လာ သန်းချီ ဝင်ငွေရနေကြပါပြီ။ အခုနောက်ဆုံး NFTs နယ်ပယ်ထဲ ဝင်လာတာက Rockstar Alan Robert ဖြစ်ပြီး Monster Chompers NFTs Collection ကို Ethereum Blockchain ကနေ ဖြန့်ချိလိုက်ပါတယ်။
Robert ဟာ ဘေ့စ် ဂီတာ သမားဖြစ်ပြီး နာမည်ကြီး Rock အဖွဲ့ Life of Agony ရဲ့ ဆယ်စုနှစ် ၃ ခုကြာ ပင်တိုင် သီချင်းရေးသားသူ အဖြစ်နာမည်ကြီးပါတယ်။ သူဟာ သီချင်း အယ်လ်ဘမ် ၁ သန်းကျော်ကို တစ်ကမ္ဘာလုံးမှာ ရောင်းချထားပါတယ်။ ဒါ့အပြင် Robert ဟာ ရောင်းအားကောင်းတဲ့ Beauty of Horror Coloring Book Series ကို ဖန်တီးထားပါတယ်။
Monster Chompers ကို Halloween မှာ အကြိုရောင်းချကတည်းက လူကြိုက်များခဲ့ပြီး NFT NYC ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ Collection ကို Robert ကိုယ်တိုင် လက်နဲ့ ရေးဆွဲထားတာ ဖြစ်ပြီး နာမည်ကြီး Web3 Software Agency ဖြစ်တဲ့ Way Too Digital နဲ့ ပူးပေါင်း ဖန်တီးထားတာပါ။ သူ့ရဲ့ NFTs တွေထဲမှာ Vampire, Werewolves, Mummies နဲ့ Zombies တွေ ပါဝင်ပါတယ်။
Robert က “ NFTs Community မှာ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ရတာ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ အနုပညာရှင်တွေအတွက် စွမ်းအားတွေ ပြန်လည်ရရှိစေလို့ ဖြစ်ပါတယ်။ Monster Chompers ကို ဝယ်ယူတဲ့ Fans တွေဟာ စစ်မှန်တဲ့ အနုပညာလက်ရာတွေကို ပိုင်ဆိုင်ရမှာ ဖြစ်သလို နောက်ဖန်တီးမယ့် NFTs တွေမှာ အကြံပြုပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အစပိုင်းပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ NFTs များစွာကို Fans တွေနဲ့အတူ ဖန်တီးမှာပါ။ “ လို့ ပြောပါတယ်။
Ref : globenewswire