Apple ဟာ ၂၀၂၇ ခုနှစ်မှာ iPhone သက်တမ်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အနေနဲ့ ဒီဇိုင်း လုံးဝ ပြောင်းထားတဲ့ iPhone 19 Pro ကို ကြေညာမှာ ဖြစ်ပါတယ်။ အရင်ကထွက်ခဲ့တဲ့ သတင်းအရ အဲဒီဖုန်းမှာ ဖန် အပြည့်ပါလာမှာ ဖြစ်ပြီး Display က ကွေးညွှတ်ကာ Display Cutout မပါလာပါဘူး။ အခုထွက်လာတဲ့ သတင်းအရ အဲဒီဖုန်းဟာ ၂၀၁၇ ခုနှစ်ထုတ် iPhone X နောက်ပိုင်းမှာ အကြီးမားဆုံး ဒီဇိုင်းပြောင်းလဲထားတဲ့ iPhone ဖြစ်လာမှာပါ။

First glimpse of Apple's iPhone 14 revealed? Secret designs posted online |  The US Sun

Apple ဟာ အဲဒီ ဘေးဘောင်မဲ့ iPhone Display Panel အတွက် Samsung Display နဲ့ LG Display တို့နဲ့ စကားပြောထားပါတယ်။ Display ရဲ့ လေးဘက်လေးတန်ဟာ ကွေးညွှတ်နေမှာ ဖြစ်ပြီး ဖုန်းကိုယ်ထည် တစ်ခုလုံးကို ဖန်နဲ့ ဖုံးအုပ်ထားမှာပါ။

Apple's new all-glass iPhone design sounds absolutely smashing | Creative  Bloq

ဒီဇိုင်းက ၂၀၂၁ ခုနှစ်က ပြသခဲ့တဲ့ Xiaomi Concept Device နဲ့ ဆင်တူမှာပါ။ Xiaomi ရဲ့ Concept Device မှာ ခလုတ်နဲ့ Port တွေ မပါလာပါဘူး။ Apple ကလည်း အဲဒီအတိုင်း ဖန်တီးထားနိုင်ပါတယ်။

နောက်ထွက်မယ့် iPhone မှာ Under-display (UD) ကင်မရာ ပါလာနိုင်ပါတယ်။ Apple ဟာ ဘက်ထရီ သက်တမ်းပိုကောင်းစေတဲ့ All-silicon Cathode ပါတဲ့ Solid-state Battery ကို သုံးထားနိုင်ပါတယ်။

Ref : gsmarena