OPPO ဟာ လာမယ့် ၄ ရက်နေ့မှာ K7x စမတ်ဖုန်းကို ကြေညာတော့မှာဖြစ်ပြီး ကုမ္ပဏီက အရွယ်အစား ကြီးမားတဲ့ ဘက်ထရီ ပါလာမယ်လို့ သတင်းပေးထားပါတယ်။ အခုတော့ Geekbench မှာ အဲဒီ ဖုန်းဟာ မော်ဒယ် နံပါတ် PDM00 အနေနဲ့ ထွက်ပေါ်လာပြီး Dimensity 720 5G Chipset ထည့်သွင်းထားပါတယ်။ OPPO ရဲ့ တရားဝင် ဝီဘို အကောင့်မှာ LCD မျက်နှာပြင်နဲ့ 90Hz Refresh Rate တွေ ပါလာမယ်လို့ သတင်းပေးထားပါတယ်။

More Oppo K7x specs appear ahead of launch

Geekbench မှာ 8GB RAM ပါတာကို တွေ့ရပြီး တန်ဖိုးနည်း စမတ်ဖုန်း ၁ လုံးအတွက် အထင်ကြီးစရာ ဖြစ်ပါတယ်။ Android 10 ပါလာမှာ သေချာပြီး ColorOS 7 ဖြစ်နိုင်ပါတယ်။

More Oppo K7x specs appear ahead of launch

OPPO ရဲ့ ဝီဘို ပို့စ်မှာ K7x အတွက် 180Hz Touch Sampling Rate ထည့်သွင်းထားမယ်လို့ ပြောထားတဲ့အတွက် ဂိမ်း ကစားရင် လျှင်မြန်သွက်လက်မှာပါ။ မျက်နှာပြင် ဘယ်ဘက်အထက်မှာ Punch Hole ၁ ခု ပါလာတာတွေ့ရပြီး ညာဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ အသံခလုတ်တွေကိုတော့ ဓါတ်ပုံမှာ မတွေ့ရတဲ့အတွက် ဘယ်ဘက်မှာ ရှိနိုင်ပါတယ်။

အဲဒီဖုန်းကို TENAA မှာ တွေ့ခဲ့ရပြီး အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ ၆.၅ လက်မ Full HD+ မျက်နှာပြင် ပါလာပါတယ်။ အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 48MP Main နဲ့ LED Flash ၁ လုံး ပါလာပါတယ်။ လာမယ့် ၄ ရက်နေ့မှာ အဲဒီ ဖုန်းရဲ့ ဈေးနှုန်းနဲ့ Specs အပြည့်အစုံကို သိရတော့မှာပါ။

Ref : gsmarena