OnePlus 11R ရဲ့ ပထမဆုံး ဓါတ်ပုံတွေ ဒီလ အစောပိုင်းက ထွက်ပေါ်ခဲ့ပြီး အနောက်ကင်မရာ ၃ လုံးနဲ့ Alert Slider တပ်ဆင်ထားတာတွေ့ရပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းကို စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး အခုတော့ ဓါတ်ပုံအသစ်တွေ ထွက်လာကာ ဒီဇိုင်း အပြည့်အစုံကို လေ့လာလို့ရလာပါတယ်။

OnePlus 11R ရဲ့ ဓါတ်ပုံ အသစ်တွေအရ ဘေးဘက်ကွေးညွှတ်တဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole ၁ ခု တပ်ဆင်ထားပါတယ်။ သတင်းအရင်းအမြစ်တွေက 1220p မျက်နှာပြင် တပ်ဆင်ထားပြီး Sony 50MP Main ကင်မရာ (OIS) တပ်ဆင်ထားကာ IR Blaster ပါလာမယ်လို့ ပြောပါတယ်။

OnePlus 10R ကို ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ရောင်းချခဲ့ပြီး စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့်ကြားက စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် နောက်မျိုးဆက် OnePlus 11R ဟာ စွမ်းရည်ပိုမြင့်မှာ ဖြစ်ပါတယ်။ OnePlus ဟာ ၂၀၂၃ ခုနှစ်မှာ Pro ကို မထုတ်လုပ်တော့မယ့်အတွက် OnePlus 11 ဟာ စွမ်းရည်အမြင့်ဆုံး ဖြစ်လာမှာပါ။

OnePlus 11R မှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 100W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။ ၆.၇ လက်မ AMOLED မျက်နှာပြင်နဲ့ IMX890 Main ကင်မရာ ပါတဲ့ OPPO Reno9 Pro+ ကို အခြေပြု တည်ဆောက်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena