Qualcomm ဟာ TSMC, Samsung စတဲ့ ကုမ္ပဏီကြီးတွေနဲ့ နှစ်ပေါင်းများစွာ မိတ်ဖက်ကောင်းအဖြစ်ရပ်တည်ခဲ့တဲ့ သမိုင်းကြောင်း ရှိနေခဲ့ပါတယ်။ အခုလည်း အမေရိကန်ကုမ္ပဏီကြီးဟာ အရှေ့တိုင်းက သူ့ရဲ့မိတ်ဖက်တွေနဲ့ ပိုပြီးတွင်တွင်ကျယ်ကျယ်လက်တွဲလုပ်ဆောင်သွားမဲ့ အစီအစဉ်တွေချမှတ်နေပြီး Snapdragon 8 Gen 3 ထုတ်လုပ်မှုရင်းမြစ်ကို ပေးလာမယ်လို့ မျှော်လင့်ရပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့ အစီရင်ခံစာအရ ထိုင်ဝမ်ထုတ်လုပ်သူကုမ္ပဏီကြီးဟာ 3nm လုပ်ငန်းစဉ် တည်ဆောက်မှုမှာ Chip အမှာစာတွေဟာ မယုံနိုင်လောက်အောင်ကို မြင့်မားပြီး ထုတ်လုပ်မှုအထွက်နှုန်းဟာ ၈၀% အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။ 3nm GAA wafer က လက်ရှိအထွက်နှုန်းဟာ ၆၀−၇၀% ခန့်ရှိပေမဲ့ TSMC ဟာ Wafer တစ်ခုမှာ ၇၅−၈၀% ကြား အကောင်အထည်ဖော်ဖို့ စီမံနေပါတယ်။

ဒီ အချက်အလက်ကို ယုံကြည်နိုင်ရင်တော့ Apple နဲ့ Qualcomm တို့ဟာ သူတို့ရဲ့ မျိုးဆက်သစ် Chipset တွေဖြစ်ကြတဲ့ A17 Bionic နဲ့ Snapdragon 8 Gen 3 အတွက် တင်ပို့မှုမှာ ပြဿနာရှိလာတော့မှာမဟုတ်ဘူးလို့လည်း ယုံကြည်နိုင်ပါတယ်။ မူလတုန်းကတော့ Samsung ဟာ အမေရိကန်ကုမ္ပဏီ Silicon Frontline Technology နဲ့ မပူးပေါင်းခင်မှာ အလွန်ဆိုးရွားတဲ့ အထွက်နှုန်းအဖြစ် ၂၀% ခန့်ကို ကြုံတွေ့ခဲ့ရပါတယ်။

Qualcomm နဲ့ အခြားသော Chip ထုတ်လုပ်သူတွေအတွက်ပြဿနာဟာ ဈေးနှုန်းက Wafer တစ်ခုတိုင်းအတွက် ပေးချေရတာဖြစ်ပြီး နည်းပါးတဲ့ Chip အထွက်နှုန်းက နောက်ဆုံးအသုံးပြုသူတွေ (End-customer) အတွက် ဈေးနှုန်းမြင့်တက်သွားခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အဆုံးသတ်ဈေးနှုန်းမြင့်မားခြင်းဟာ ရေရှည်အတွက် ဘယ်သူ့ကိုမှ အကျိုးရှိမှာ မဟုတ်တာလည်း ဖြစ်ပါတယ်။

Ref: GSM Arena