SGW Global က Moto Watch 100 နဲ့အတူ Moto Buds 600 ANC နားကြပ်ကို ကြေညာလိုက်ပါတယ်။ Motorola-branded နားကြပ် အသစ်မှာ Fast Pairing ပါလာပြီး Snapdragon Sound Chip တပ်ဆင်ထားပါတယ်။ ဒီတစ်ပတ် CES 2023 မှာ ပြသမယ့် ထုတ်ကုန်တွေထဲက တစ်ခု ဖြစ်ပါတယ်။

Moto Buds 600 ANC

Motorola က စမတ်နာရီနဲ့ နားကြပ်တွေ ထုတ်လုပ်ဖို့ ကုမ္ပဏီများစွာကို လိုင်စင်ပေးထားပါတယ်။ Moto Buds 600 ANC ဟာ Motorola လိုင်စင်ပေးထားတဲ့ SGW Global ရဲ့ နောက်ဆုံးထုတ် နားကြပ် ဖြစ်ပါတယ်။ Snapdragon Sound ပါတဲ့အတွက် အသံအရည်အသွေး ကောင်းမွန်ပါတယ်။

Moto Buds 600 ANC

ဖုန်းပြောတဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ အသံအရည်အသွေးရမှာ ဖြစ်ပြီး aptX Adaptive နဲ့ ရှင်းလင်းပြတ်သားတဲ့ အသံဖမ်းယူတဲ့ နည်းပညာ ပါပါတယ်။ နောက်ကွယ်က ဆူညံသံတွေကို လျှော့ချပေးနိုင်ပြီး Hybrid Noise Cancellation ထောက်ပံ့ထားပါတယ်။

Bluetooth Mulit-point နည်းပညာက Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပြီး Fast Pair နည်းပညာက Device တွေနဲ့ အလွန်လျှင်မြန်စွာ ချိတ်ဆက်ပေးနိုင်ပါတယ်။ Charging Case နဲ့နားကြပ်ပေါင်းလိုက်ရင် စုစုပေါင်း ဘက်ထရီ သက်တမ်းက ၂၆ နာရီ ဖြစ်ပါတယ်။

Moto Buds 600 ANC ရဲ့ Case ကို ကြိုးမဲ့အားသွင်းနိုင်ပြီး နားကြပ်မှာ Touch Control နဲ့ IPX5 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ Google Assistant ကို သုံးနိုင်ပြီး ဇန်နဝါရီလမှာ ရောင်းမယ်လို့ ထင်ပါတယ်။ Moto Buds 600 ANC ကို ၁၄၉ ဒေါ်လာ သတ်မှတ်ထားပြီး SGW Global က ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina