Motorola Mot E7 ရဲ့ Specs အပြည့်အစုံနဲ့ ဓါတ်ပုံတွေကို စတိုး ၁ ခုမှာ ဒီလအစောပိုင်းက တွေ့ခဲ့ရပါတယ်။ Moto E7 ကို အမေရိကန်က Federal Communications Commission (FCC) ၊ ထိုင်းက National Broadcasting and Telecommunications Commission (NBTC) နဲ့ TUV တို့မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက် နီးလာပြီလို့ ဆိုရမှာပါ။

NBTC မှာ Moto E7 ရဲ့ မော်ဒယ် နံပါတ်ဟာ X2095-3 ဖြစ်ပါတယ်။  FCC မှာတော့ မော်ဒယ်နံပါတ်က X2095-1 ဖြစ်ပြီး အဲဒီ ဖုန်းရဲ့ မော်ဒယ် နောက် ၁ မျိုးပဲ ဖြစ်ပါတယ်။ FCC မှာ AC Adapter , ဘက်ထရီ , နားကြပ်နဲ့ USB ကြိုးတွေလို Accessory တချို့ကို ဖော်ပြထားပါတယ်။ Moto E7  ဘက်ထရီရဲ့ မော်ဒယ်နံပါတ်ဟာ KG40 ဖြစ်ပြီး TUV မှာ 4,000mAh ဘက်ထရီနဲ့ 5W Charger ပါတယ်လို့ ဖော်ပြထားပါတယ်။

ပေါက်ကြားသတင်းတွေအရ Moto E7 မှာ ၆.၂ လက်မ LCD HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး Snapdragon 632 Chipset နဲ့ 2GB RAM ပါပါတယ်။ Storage က 32GB ဖြစ်ပြီး စတိုး ၁ ခုက 3,550mAh ဘက်ထရီလို့ ဖော်ပြထားတာက TUV နဲ့ ကွဲပြားနေပါတယ်။

Moto E7 မှာ 5MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 13MP Main + 2MP Depth ကင်မရာ ၂ လုံး ထည့်သွင်းထားမှာပါ။ တခြား Feature တွေအကြောင်းပြောရရင် microSD Card Slot , Android 10 OS , 4G LTE , WiFi , Bluetooth , GPS နဲ့ နားကြပ်ပေါက်တွေ ပါလာမှာပါ။

Ref : gizmochina