Motorola က စွမ်းရည်မြင့် Moto X40 ကို တရုတ်မှာ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး အဲဒီဖုန်းကို နိုင်ငံတကာမှာ Motorola Edge 40 Pro အမည်နဲ့ ရောင်းချနိုင်ပါတယ်။ Moto Edge 40 Pro ကို FCC, TDRA နဲ့ Geekbench မှာ တွေ့လာရပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မလိုတော့ပါဘူး။

အခုတော့ Moto Edge 40 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ဒီဇိုင်းအရ Moto X40 ကို အမည်ပြောင်းထားတာ သေချာပါတယ်။ ဓါတ်ပုံတွေမှာ အနက်နဲ့ အပြာ ၂ ရောင်ကို တွေ့ရပြီး အနောက်ဘက်ဟာ ကွေးညွှတ်ကာ စတုရန်းပုံ ကင်မရာ Island ပါလာပါတယ်။ 50MP Main ကင်မရာ တပ်ဆင်ထားတာကို ဖုန်းမှာ အတည်ပြု ရေးသားထားပါတယ်။

ကွေးညွှတ်မျက်နှာပြင်ရဲ့ အထက်အလယ်မှာ Punch Hole ၁ ခု ပါလာပြီး မျက်နှာပြင် အထက်နဲ့ အောက်က ဘောင်တွေဟာ အလွန်ပါးလွှာပါတယ်။ ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံခလုတ်တွေ တပ်ဆင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Moto Edge 40 Pro ရဲ့ Specs တွေဟာ Moto X40 နဲ့ တူညီမှာ ဖြစ်ပြီး ၆.၆၇ လက်မ OLED မျက်နှာပြင်ကွေး တပ်ဆင်ထားကာ FHD+ Resolution ထောက်ပံ့ထားမှာပါ။ 165Hz Refresh Rate နဲ့ DC Dimming ပါလာပြီး Snapdragon 8 Gen 2 မောင်းနှင်ထားမှာပါ။ 125W Wired Charging နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 4,600mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး Custom Android 13 Skin အုပ်ထားမှာပါ။

အနောက်ဘက်မှာ 50MP Main (OIS), 50MP Ultrawide နဲ့ 12MP Telephoto ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 60MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။ 12GB RAM/256GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၈၅၀ ယူရို ကျသင့်မယ်လို့သတင်းထွက်လာပါတယ်။

Ref : gizmochina