Motorola က ၂၀၂၁ ခုနှစ်မှာ စမတ်ဖုန်း အသစ်များစွာကို ကြေညာဖို့ ရှိနေပါတယ်။ အဲဒီအထဲက ၁ လုံးက Moto G Play (2021) ဖြစ်ပါတယ်။ နာမည်က ဆန်းပေမယ့် အဲဒီ စမတ်ဖုန်းဟာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ Moto G9 Play ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။

Moto G Play (2021) leaks through Google Play Console listing

အခုတော့ Moto G Play (2021) ကို Google Play Console မှာ တွေ့လာရပြီ ဖြစ်ပြီး Snapdraogon 460 Chipset  မောင်းနှင်ထားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အရင် မျိုးဆက်မှာတော့ Snapdragon 662 Chipset ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Motorola Moto G Play (2021)

Moto G Play (2021) မှာ HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 720×1600 Resolution ရှိမှာပါ။ Android 10 မောင်းနှင်ထားပြီး မော်ဒယ် ၁ လုံးမှာ 3GB RAM ပါလာနိုင်ပါတယ်။ ဓါတ်ပုံအရ အရွယ်သေး Notch ထည့်သွင်းထားမှာ ဖြစ်ပြီး ညာဘက်မှာ ပါဝါနဲ့ အသံခလုတ်တွေ ပါလာမှာပါ။ ပါဝါခလုတ်ကိုတော့ မတွေ့ရသေးဘဲ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားနိုင်ပါတယ်။

Moto G Play (2021) ကို တရားဝင် ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာပါ။

Ref : gsmarena