Motorola က Moto G Stylus (2021) ကို ကြေညာဖို့ နီးစပ်နေပြီလို့ ထင်ရပြီး မကြာခင်က အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အခုတော့ Moto G Stylus (2021) ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး Specification တွေကို ပိုသိလာရပါပြီ။

Moto G Stylus 2021

Geekbench 5.2 နဲ့ စမ်းသပ်ထားတာ ဖြစ်ပြီး Single Core မှာ ၅၄၂ နဲ့ Multi Core မှာ ၁,၆၅၀ မှတ် ရထားပါတယ်။ Chipset ကို Qualcomm လို့ပဲ ဖော်ပြထားပြီး Adreno 612 GPU ထည့်သွင်းထားတဲ့အတွက် Snapdragon 678 Chipset ဖြစ်ပါတယ်။ 4GB RAM ထည့်သွင်းထားပြီး Android 10 OS ပဲ ပါလာတာက သိပ်မမိုက်ပါဘူး။

Moto G Stylus 2021 specs leak - GSMArena.com news

အဲဒီ စမတ်ဖုန်းမှာ ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပြီး အရင် သတင်းတွေအရ 48MP Main, 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာတွေ ဖြစ်ပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ ထည့်သွင်းထားမှာပါ။ မျက်နှာပြင်က LCD အမျိုးအစား ဖြစ်ပြီး မျက်နှာပြင် ဘယ်ဘက်အထက်နားမှာ Punch Hole ၁ ခု ပါလာမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ဘောပင် ပါတဲ့အတွက် ပုံဆွဲ၊ စာရေးရင် အသုံးဝင်ပါတယ်။

မကြာခင်က Amazon ကနေ ထွက်လာတဲ့ ဓါတ်ပုံတွေအရ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားတာ မြင်ရပြီး အရင်မျိုးဆက်မှာတော့ အနောက်ဘက်မှာ မြှပ်နှံထားတာပါ။ နာမည်အတိုင်းပဲ ဒစ်ဂျစ်တယ် ဘောပင် ပါလာမှာ ဖြစ်ပြီး ညာဘက်အောက်ခြေက Slot မှာ ထည့်သွင်းရမှာပါ။ အောက်ခြေမှာ USB-C Port နဲ့ နားကြပ်ပေါက်လည်း ပါလာပါတယ်။

Ref : gsmarena