Motorola ဟာ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလမှာ Motorola ဟာ ဒစ်ဂျစ်တယ် ဘောပင်နဲ့ Snapdragon 665 Chipset ပါတဲ့ စွမ်းရည်သင့် Moto G Stylus ကို ကြေညာခဲ့ပါတယ်။ အခုတော့ နာမည်ကျော် Tipster ၁ ယောက် ဖြစ်တဲ့ Evan Blass က Moto G Stylus 2021 ရဲ့ အဓိက Specs တွေကို သတင်းပေးလာပါတယ်။

Moto G Stylus is what Motorola is calling that recently leaked stylus-carrying phone - GSMArena.com news

သူက Moto G Stylus 2021 မှာ အရွယ်အစား ကြီးမားတဲ့ ၆.၈၁ လက်မ Full HD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 20:9 Aspect Ratio ထောက်ပံ့ထားမယ်လို့ ပြောပါတယ်။ Moto G Stylus မှာတော့ ၆.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားခဲ့တာပါ။ SD665 Chip အစား စမတ်ဖုန်း အသစ်မှာ Snapdragon 675 Chipset မောင်းနှင်ထားနိုင်ပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာပါ။

Moto G Stylus and Moto G Power announced for spring - Mobile Phones - News - HEXUS.net

Moto G Stylus 2021 မှာ 4,300mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Fast Charging ပါလာမလား ဆိုတာ မသိရသေးပါဘူး။ ၂၀၂၁ ခုနှစ် ထုတ်ကုန် ဖြစ်တဲ့အတွက် Android 10 OS ပါလာမှာ သေချာပါတယ်။ မျက်နှာပြင် ဘယ်ဘက်အထက်မှာ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက် ကင်မရာတွေ အကြောင်း ပြောရရင် 48MP Main , 8MP Ultrawide ,2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။

ညာဘက်ဘေးမှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး NFC ဆက်သွယ်မှု ထောက်ပံ့ထားမှာပါ။ မသိရသေးတာက Moto G Stylus 2021 စမတ်ဖုန်းရဲ့ ဈေးနှုန်း ဖြစ်ပါတယ်။

Ref : gizmochina