Motorola က စွမ်းရည်သင့် G Series ရဲ့ နောက်ဆုံးထုတ် Moto G Stylus (2024) ကို ကြေညာလိုက်ပါတယ်။ ဒီဇိုင်းလှပပြီး မှတ်စုမှတ်သားဖို့နဲ့ ဓါတ်ပုံ Edit လုပ်ဖို့အတွက် Stylus ပါလာပါတယ်။

Moto G Stylus 2024 5G

Moto G Stylus (2024) မှာ 6.7” Full HD+ pOLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1,200 Nits Peak Brightness နဲ့  240Hz Touch Sampling Rate ပါပါတယ်။ Stylus ကို အောက်ခြေမှာ ထည့်သွင်းထားနိုင်ပါတယ်။

Moto G Stylus 2024 5G

အနောက်ဘက်မှာ 50MP Main (OIS) နဲ့ Macro ပါရိုက်နိုင်တဲ့ 13MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

Moto G Stylus 2024 5G

Snapdragon 6 Gen 1 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ 8GB RAM နဲ့ 256GB Storage ပါလာပြီး 2TB microSD Card စိုက်နိုင်ပါတယ်။ 30W Fast Charging နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Android 14 အခြေပြု OS ပါပါတယ်။

Moto G Stylus (2024) ကို ၃၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး Caramel Latte နဲ့ Scarlet Wave အရောင်တွေ ထုတ်လုပ်ထားပါတယ်။ မေလ ၃၀ ရက်နေ့ အမေရိကန်မှာ ရောင်းမှာပါ။

REF : gizmochina