Motorola က စွမ်းရည်သင့် ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Moto G Stylus လို့ နာမည်ပေးထားပြီး ဒစ်ဂျစ်တယ် ဘောပင် ပါတာက ထူးခြားပါတယ်။ Motorola ရဲ့ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Samsung S Pen လို Pressure Sensitivity နဲ့ Bluetooth Function တော့ မပါဘဲ အခြေခံ အလုပ်တွေပဲ ပြုလုပ်နိုင်ပါတယ်။

ဘောပင်ကို ဖုန်းရဲ့ ညာဘက်အောက်ခြေကနေ ထုတ်လိုက်တာနဲ့ မှတ်စုတွေ ရေးတာ၊ ပုံဆွဲတာတွေ ပြုလုပ်နိုင်တဲ့ Moto Note App ထည့်သွင်းထားပါတယ်။ သင် သုံးချင်တဲ့ App တွေကို မြန်မြန် သုံးနိုင်စေမယ့် Quick Launch Menu ပါလာပါတယ်။

၆.၄ လက်မ IPS FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးက 19:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်‌ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး 48MP Main, 16MP Ultrawide Action နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Snapdragon 665 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ microSD Card စိုက်နိုင်ပြီး 4,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ Android 10 မောင်းနှင်ထားပြီး ၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၃၀,၀၀၀ လောက် ရှိပါတယ်။

Ref : gsmarena