Moto G Power ကို Moto G Stylus နဲ့အတူ ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး အခုတော့ အဲဒီ စမတ်ဖုန်း ၂ လုံးကို အမေရိကန်မှာ ရောင်းပေးလိုက်ပါပြီ။ Moto G Power ကို ၂၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းခွဲလောက် ရှိပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့  Moto G Stylus ကို ၂၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။

Motorola Online Store , B&H နဲ့ Best Buy တို့ကနေ ဝယ်ယူနိုင်ပြီး Best Buy က Wireless Service ကို ဝယ်ရင် ဒေါ်လာ ၅၀ ဈေးလျှော့ပေးမှာ ဖြစ်ပါတယ်။ Moto G Power မှာ 5,000mAh ဘက်ထရီ ပါလာပြီး ၆.၄ လက်မ 1080×2300 LCD မျက်နှာပြင်ထည့်ထားပါတယ်။ Qualcomm Snapdragon 665 Chipset မောင်းနှင်ထားပြီး 4GB RAM , 64GB Storage ပါပါတယ်။

အနောက်ဘက်မှာ 16MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး Android 10 မောင်းနှင်ထားပါတယ်။

Moto G Stylus မှာ ဒစ်ဂျစ်တယ်  ဘောပင် ပါလာပြီး တခြား Specs အများစုဟာ Moto G Power နဲ့တူပါတယ်။ ကွာခြားတာက G Stylus မှာ 48MP Main နဲ့ 16MP Ultrawide ကင်မရာတွေ ပါလာပြီး 128GB Storage နဲ့ အရွယ်ပိုသေးတဲ့ 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။ တခြား Specs တွေက တူညီကြပါတယ်။

Ref ; gsmarena