[Unicode]

Motorola က နောက်လ ၂၃ ရက်နေ့မှာ ပွဲ ၁ ခု ခမ်းခမ်းနားနားကျင်းပမှာ ဖြစ်ပြီး အနည်းဆုံး ဖုန်း အသစ် ၄ လုံးကို ချပြတော့မှာပါ။ Moto G8 , G8 Power နဲ့ စွမ်းရည်မြင့် Moto Edge+ ရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ ပျောက်ချက်သားကောင်းနေတာက ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ စွမ်းရည်သင့် Moto G Stylus ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီဖုန်းရဲ့ နာမည်နဲ့ Specs တချို့ကို သိခဲ့ရပါတယ်။ အခုတော့ ပကတိ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ တွစ်တာ သုံးစွဲသူ Gustavo Gonzalez က Moto G Stylus ရဲ့ နမူနာ မော်ဒယ် ဓါတ်ပုံတွေကို မျှဝေလိုက်တာဖြစ်ပြီး Punch Hole မျက်နှာပြင်နဲ့ ဒစ်ဂျစ်တယ် ဘောပင် ပါလာပါတယ်။

ဒစ်ဂျစ်တယ် ဘောပင်က ရိုးရှင်းပြီး Samsung S Pen မှာလို ခလုတ်တွေ မပါပါဘူး။ ဓါတ်ပုံ ၁ ပုံမှာ Notes App ကို ပြသထားပြီး ဘောပင်နဲ့ ရေးသားနိုင်မှာ ဖြစ်ပေမယ့် Moto App လားဆိုတာ မသိရသေးပါဘူး။ ဓါတ်ပုံက စာသားတွေအရ ဆော့ဖ်ဝဲကိုလည်း အချောမသတ်ရသေးဘူး ထင်ပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေအရ Moto G Stylus မှာ ၆.၃၆ လက်မ FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 25MP ဆဲလ်ဖီး ကင်မရာကို Waterdrop Notch မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP ပင်မ ကင်မရာ အပါအဝင် ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။ Snapdragon 665 , 4GB RAM နဲ့ 64GB Storage တွေ ပါပါတယ်။ 18W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Android 10 မောင်းနှင်ထားမှာပါ။

Ref : gsmarena

[Zawgyi]

Moto G Stylus ရဲ႕ ဓါတ္ပုံေတြ ထြက္ေပၚလာ

Motorola က ေနာက္လ ၂၃ ရက္ေန႔မွာ ပြဲ ၁ ခု ခမ္းခမ္းနားနားက်င္းပမွာ ျဖစ္ၿပီး အနည္းဆုံး ဖုန္း အသစ္ ၄ လုံးကို ခ်ျပေတာ့မွာပါ။ Moto G8 , G8 Power နဲ႔ စြမ္းရည္ျမင့္ Moto Edge+ ရဲ႕ သတင္းေတြ ေပါက္ၾကားထြက္ေပၚေနပါတယ္။ ေပ်ာက္ခ်က္သားေကာင္းေနတာက ဒစ္ဂ်စ္တယ္ ေဘာပင္ပါတဲ့ စြမ္းရည္သင့္ Moto G Stylus ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက အဲဒီဖုန္းရဲ႕ နာမည္နဲ႔ Specs တခ်ိဳ႕ကို သိခဲ့ရပါတယ္။ အခုေတာ့ ပကတိ ဓါတ္ပုံေတြ ထြက္ေပၚလာပါတယ္။ တြစ္တာ သုံးစြဲသူ Gustavo Gonzalez က Moto G Stylus ရဲ႕ နမူနာ ေမာ္ဒယ္ ဓါတ္ပုံေတြကို မွ်ေဝလိုက္တာျဖစ္ၿပီး Punch Hole မ်က္ႏွာျပင္နဲ႔ ဒစ္ဂ်စ္တယ္ ေဘာပင္ ပါလာပါတယ္။

ဒစ္ဂ်စ္တယ္ ေဘာပင္က ႐ိုးရွင္းၿပီး Samsung S Pen မွာလို ခလုတ္ေတြ မပါပါဘူး။ ဓါတ္ပုံ ၁ ပုံမွာ Notes App ကို ျပသထားၿပီး ေဘာပင္နဲ႔ ေရးသားႏိုင္မွာ ျဖစ္ေပမယ့္ Moto App လားဆိုတာ မသိရေသးပါဘူး။ ဓါတ္ပုံက စာသားေတြအရ ေဆာ့ဖ္ဝဲကိုလည္း အေခ်ာမသတ္ရေသးဘူး ထင္ပါတယ္။

ေပါက္ၾကားေနတဲ့ သတင္းေတြအရ Moto G Stylus မွာ ၆.၃၆ လက္မ FHD+ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး 25MP ဆဲလ္ဖီး ကင္မရာကို Waterdrop Notch မွာ တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ 48MP ပင္မ ကင္မရာ အပါအဝင္ ကင္မရာ ၄ လုံး ထည့္သြင္းထားမွာပါ။ Snapdragon 665 , 4GB RAM နဲ႔ 64GB Storage ေတြ ပါပါတယ္။ 18W Fast Charging ပါတဲ့ 5,000mAh ဘက္ထရီ ထည့္သြင္းထားၿပီး Android 10 ေမာင္းႏွင္ထားမွာပါ။

Ref : gsmarena