Motorola က ဩဂုတ်လမှာ Moto G50 5G ကို ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် Motorola ဟာ Moto G51 5G လို့ ခေါ်တဲ့ နောက်မျိုးဆက် စမတ်ဖုန်း အသစ်ကို စတင်ဖန်တီးနေပုံရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီ မျိုးဆက်သစ် စမတ်ဖုန်းကို Geekbench Database မှာ တွေ့လာရပြီ ဖြစ်ပါတယ်။

Moto G51 5G leaks through Geekbench, switches to Qualcomm

Geekbench က စာရင်းအရ G50 မှာ သုံးထားတဲ့ MediaTek Dimensity 700 Chipset အစား G51 မှာ Qualcomm SoC ပြောင်းသုံးထားပါတယ်။ Geekbench မှာ SoC မော်ဒယ်ကို မဖော်ပြထားပေမယ့် ပေါက်ကြားသတင်းအရ Snapdragon 750 ဖြစ်နိုင်ပါတယ်။ Geekbench မှာ 4GB RAM ထည့်သွင်းထားမယ်လို့ ဖော်ပြထားပြီး G50 နဲ့ တူညီပါတယ်။

Motorola allegedly gears up to refresh the Moto G50 with a 5G MediaTek  processor - NotebookCheck.net News

Moto G51 5G မှာ Android 11 ပါလာမှာက မဆန်းပါဘူး။ ဘာလို့လည်း ဆိုတော့ ၂၀၂၁ ခုနှစ်ထုတ် Lower-midrange ဖုန်းတွေမှာ Android 12 မပါလာကြပါဘူး။ Geekbench မှာ Moto G51 5G အကြောင်း ဖော်ပြထားတာ ဒါအကုန်လုံး ဖြစ်ပါတယ်။ အရင်မျိုးဆက်နဲ့ ယှဉ်ရင် တခြားဘာတွေ ပြောင်းလဲသွားမလဲဆိုတာ ပြည့်ပြည့်စုံစုံ မသိရသေးပါဘူး။

ဖုန်း ၁ လုံးကို ဖန်တီးရတဲ့ အချိန်ကာလဟာ ကြာမြင့်ပါတယ်။ Moto G50 5G ကို ဩဂုတ်လကမှ ရောင်းချထားတဲ့အတွက် အခုအချိန်မှာ Moto G51 5G ရဲ့ သတင်းတွေ ထွက်လာတာ တော်တော် စောပါသေးတယ်။ အဲဒီအတွက် Geekbench က Moto G51 5G ရဲ့ သတင်းအချက်အလက်တွေဟာ ရာနှုန်းပြည့်မှန်မယ်လို့ မယူဆနိုင်သေးပါဘူး။

Ref : gsmarena