Motorola က ဧပြီလမှာ Moto G60 ကို ရောင်းချပေးခဲ့ပြီး အခုတော့ ကုမ္ပဏီဟာ အဲဒီ စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ကို ဖန်တီးနေတယ်လို့ ထင်ရပါတယ်။ မျိုးဆက်သစ် စမတ်ဖုန်းရဲ့ နာမည်က Moto G60S ဖြစ်ပြီး G60 ထက် အနည်းငယ် ပိုကောင်းလာမှာပါ။

အသစ်ထွက်လာတဲ့ ပေါက်ကြားသတင်း တစ်ခု အရ Motorola က Moto G60S ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး ဥရောပမှာ ယူရို ၃၀၀ နဲ့ ၃၂၀ အကြား ရောင်းချနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ ငွေလဲလှယ်နှုန်းထားများအရ မြန်မာငွေနဲ့တွက်ရင် ၅ သိန်း ၈ သောင်းနဲ့ ၆ သိန်း ၂ သောင်း အတွင်း ကျသင့်နိုင်ပါတယ်။ ဒါဟာ Motorola G60 ထက်တောင် ဈေးများနေပြီး G60S ဟာ G60 ထက် တိုးတက်ကောင်းမွန်မှု တချို့ ပါလာမယ်ဆိုတာ ညွှန်ပြနေပါတယ်။

Motorola Moto G60 - Specs, Price, Reviews, and Best Deals

ဒီပေါက်ကြား သတင်း အရင်းအမြစ်ကပဲ Motorola G60S မှာ 8GB RAM နဲ့ 128GB Internal Storage ပါလာမယ်လို့ အတည်ပြုထားပါတယ်။ G60 မှာတော့ 6GB RAM ပဲ ထည့်ထားတဲ့အတွက် G60S မှာ 2GB RAM အပို ပါလာမှာ ဖြစ်ပါတယ်။ G60S အတွက် အပြာရောင်ပဲ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ လျှို့ဝှက်နာမည်ဟာ Lisbon ဖြစ်ပြီး လက်ရှိမှာ တခြား Specifications တွေကို မသိရသေးပါဘူး။

Motorola G60S ဟာ G60 အပေါ် အများကြီး အခြေပြုကာ တည်ဆောက်ထားတဲ့ စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။ G60S ကို ကြေညာမယ့် နေ့ရက် သတင်းအချက်အလက်တွေကို ကုမ္ပဏီက မပြောသေးသလို ပေါက်ကြားထွက်ပေါ်နေတာလည်း မရှိသေးပါဘူး။ မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမိုပေါက်ကြားလာနိုင်ပါတယ်။

Ref : gsmarena