Motorola က ဧပြီလမှာ Moto G60 ကို ကြေညာခဲ့ပြီး အခုတော့  Moto G60S ကို ချပြလိုက်ပါတယ်။ ဘရာဇီးမှာ နိုင်ငံတကာအတွက် ကြေညာလိုက်တာ ဖြစ်ပြီး Moto G60S မှာ ၆.၈ လက်မ FHD+ 120Hz မျက်နှာပြင်နဲ့ MediaTek Helio G95 Chipset တွေ ထည့်သွင်းထားပါတယ်။ 6GB RAM နဲ့ 128GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။

Moto G60S is official with Helio G95 chipset and 50W fast charging

အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 64MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth တို့ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ NFC , 3.5mm Headphone Jack နဲ့ 50W Wired Charging တွေ ထည့်သွင်းထားပြီး Motorola က ဘက်ထရီ ပမာဏကို မပြောသေးပါဘူး။ Android 11 မောင်းနှင်ထားပြီး အရွယ်အစား အပြည့်အစုံက 169.7 x 75.9 x 9.6 mm ဖြစ်ပါတယ်။ အလေးချိန်က ၂၁၂ ဂရမ် ဖြစ်ပါတယ်။

Moto G60S is official with Helio G95 chipset and 50W fast charging

အပြာနဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး ဘရာဇီးမှာ ၄၃၀ ဒေါ်လာနဲ့ ရောင်းပေးလိုက်ပါတယ်။ မြန်မာငွေ ၇ သိန်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။ ဘရာဇီးက စမတ်ဖုန်း ရောင်းဈေးတွေဟာ မြင့်မားကြပြီး တခြားနိုင်ငံတွေမှာတော့ ဒီထက် ရောင်းဈေး နည်းမှာ သေချာပါတယ်။

Moto G60S ဟာ မျက်နှာပြင်၊ RAM နဲ့ Storage ပမာဏ အပိုင်းမှာ G60 နဲ့ တူညီပြီး SoC ကတော့ ကွဲပြားသွားပါတယ်။ Main ကင်မရာနဲ့ ဆဲလ်ဖီး ကင်မရာက Resolution နိမ့်သွားပြီး G60 မှာ Snapdragon 732G SoC ၊ 108MP Main နဲ့ 32MP ဆဲလ်ဖီး ကင်မရာတွေ တပ်ဆင်ထားပါတယ်။ G60S ရဲ့ အားသွင်းနှုန်းက ပိုမြန်လာပြီး အနောက်ဘက်မှာ Macro ကင်မရာ အပို ၁ လုံး ထည့်သွင်းထားပါတယ်။

Ref : gsmarena