[Zawgyi]







Ref – GSM Arena

[Unicode]

Moto G7 မိသားစုကို ကြေငြာဖို့ နီးကပ်လာတာနဲ့အမျှ Leak တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပေမယ့် ဒီတစ်ခါကတော့ အကြီးဆုံးလို့ ဆိုရမှာပါ။

ရုတ်တရက်ထွက်ပေါ်လာတဲ့ Moto G7 ဖုန်းရဲ့ ပုံရိပ်တွေဟာ ဖုန်းအသစ်ရဲ့ Display ပေါ်မှာ Waterdrop Notch တစ်ခု ပါမယ်ဆိုတာ သက်သေခံနေပါတယ်။ Dual ကင်မရာနဲ့ Fingerprint တို့ကတော့ နောက်ဘက်မှာ ထင်ရှားစွာ ပါနေပါတယ်။ ဒါ့အပြင် ဒီဖုန်းကို အနီနဲ့ အနက်ရောင် နှစ်မျိုးထုတ်လာမယ်ဆိုတာလည်း သိခွင့်ရခဲ့ပါပြီ။

နောက်တစ်ခုကတော့ မိတ်ဆက်ပွဲမှာ သုံးလာမယ့် Render ပုံရိပ်တွေဖြစ်ပြီး အရင်တုန်းကလည်း မြင်ခဲ့ပြီး ဖြစ်ပါတယ်။ ပိုကောင်းတာက Moto G7 ရဲ့ပေါက်ကြားမှုထဲမှာ Specs တွေလည်း ပါဝင်လာခဲ့ပြီး 6.24” လက်မ IPS LCD မျက်နှာပြင်၊ Snapdragon 632 ချစ်ပ်ဆက်နဲ့အတူ 4GB RAM မန်မိုရီနဲ့ 3,000 mAh ဘက္ထရီတို့ ဖြစ်ပါတယ်။

နောက်ထပ်ပေါက်ကြားတဲ့ ဖုန်းကတော့ Moto G7 Power ပါပဲ။ ရုတ်တရက်ပေါ်ထွက်လာတဲ့ ဒီပုံတွေမှာ ဆိုင်မှာရောင်းချဖို့ ဖုန်းရှေ့မှာကပ်ထားတဲ့ ဈေးနှုန်းနဲ့ Specs ကိုဖော်ပြထားတဲ့ ပုံလေးပါ ပါလာပါတယ်။ ဒီပုံအရ Moto G7 Power ဖုန်းသစ်ဟာ ယူရို ၃၂၅ (မြန်မာငွေ ငါးသိန်းခြောက်သောင်းကျော်) ဝန်းကျင် ကျသင့်မှာဖြစ်ပြီး အပြာရောင်နဲ့ ထွက်လာမှာပါ။

Moto G7 ရိုးရိုးနဲ့ ကွာခြားတာက G7 Power မှာ ပိုကြီးမားကျယ်ပြန့်တဲ့ Notch တစ်ခုပါလာကာ Screen ကတော့ အနည်းငယ်သာ သေးတဲ့ 6.22” လက်မအရွယ် Screen ပါပါတယ်။ နောက်ဘက်မှာ 12MP ကင်မရာနဲ့ 8MP ဆယ်ဖီကင်မရာတို့ ထည့်သွင်းထားတယ်။ Snapdragon 632 ချစ်ပ်ဆက် အသုံးပြုသွားပြီး RAM မန်မိုရီ ကတော့ 2/ 3/ 4GB ရွေးချယ်နိုင်မှာပါ။ သူ့ရဲ့အားသာချက်က 5,000 mAh ဘက္ထရီ ဖြစ်ပါတယ်။

ဒါ့အပြင် ဘရာဇီးဘာသာနဲ့ မီဒီယာမိတ်ဆက်ပွဲဖိတ်စာလည်း ပေါက်ကြားလာတဲ့အတွက် Lenovo ကုမ္ပဏီဟာ သူတို့ရဲ့ Moto G7, G7 Play, G7 Power နဲ့ G7 Plus တို့ ပါဝင်တဲ့ ထုတ်ကုန်လိုင်းသစ်အား ဘရာဇီး နိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုတာပါ သိခွင့်ရလိုက်ပါတယ်။

Ref – GSM Arena