သတင်းများစွာ ပေါက်ကြားထွက်ပေါ်အပြီးမှာ Motorola က Moto G9 Plus ကို တရားဝင် ကြေညာလိုက်ပါပြီ။ Snapdragon 730G SoC ကို 4GB RAM နဲ့ တွဲဖက်ထားပါတယ်။ OS က Android 10 ထည့်ပေးထားပြီး 128GB Storage ပါလာပါတယ်။ 512GB အထိဝင်ဆန့်တဲ့ microSD Card စိုက်နိုင်တဲ့အတွက် ဓါတ်ပုံ၊ ဗီဒီယိုတွေ အများကြီး သိမ်းလို့ရပါတယ်။

Moto G9 Plus ရဲ့ မျက်နှာပြင် အရွယ်အစားက ၆.၈ လက်မ ဖြစ်ပြီး FullHD+ Max Vision လို့ Motorola က သုံးနှုန်းပါတယ်။ မျက်နှာပြင် ဘယ်ဘက်အထက်မှာ Punch Hole ၁ ခု ပါလာပြီး 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက် တောက်ပြောင်တဲ့ ဒီဇိုင်းက ခေတ်ဆန်ပြီး အနောက်ကင်မရာတွေ အကြောင်း ပြောရရင် 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ဖြစ်ပါတယ်။

Moto G9 Plus မှာ 30W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားတဲ့အတွက် ဘက်ထရီ သက်တမ်းလန်းသလို အားသွင်းရင် မြန်မှာပါ။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 3.5mm Headphone Jack , USB-C Port , NFC နဲ့ Bluetooth 5.0 ထောက်ပံ့ထားပါတယ်။

Moto G9 Plus အတွက် Rose Gold နဲ့ Indigo Blue ၂ ရောင် ထုတ်လုပ်ထားပြီး လက်ရှိ ဘရာဇီးမှာပဲ ရောင်းပေးထားပါတယ်။ ဒေါ်လာ ၄၇၀ လောက်တန်ကြေးရှိပြီး မြန်မာငွေနဲ့တွက်ရင် ၆ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena