[Zawgyi]
မတ္လထဲက သတင္းေပါင္းစုံထြက္ေပၚေနခဲ့တဲ့ Motorola ရဲ႕ One Vision ဟာ အခုေတာ့ ထြက္ရွိရက္ တစ္ခု ရရွိခဲ့ၿပီျဖစ္ၿပီး လာမယ့္ေမလ ၁၅ ရက္ေန႔က်ရင္ ဘရာဇီးႏုိင္ငံ၊ ေဆာ္ေပၚလိုၿမိဳ႕မွာ မိတ္ဆက္သြားမွာပဲ ျဖစ္ပါတယ္။ သူ႕ရဲ႕မီဒီယာဖိတ္စာလို႔ ယူဆရတဲ့ ပုံကို တြစ္တာသုံးစြဲသူတစ္ေယာက္က တင္လာတာကို ေတြ႕ရွိခဲ့ရတာပါ။
Motorola ကေတာ့ One Vision ဖုန္းအသစ္နဲ႔ပတ္သက္လို႔ တစ္ခြန္းမွ မဟေသးေပမယ့္ သတင္းထြက္ေနတာၾကာၿပီဆုိေတာ့ အတြင္းက Hardware ေတြကို ေတာ္ေတာ္ေလး သိေနခဲ့ပါၿပီ။
One Vision ဟာ 6.2” လက္မအရြယ္ 21:9 FHD+ Display မွာ ဆယ္ဖီကင္မရာအတြက္ Punch-hole တစ္ခုနဲ႔ ဒီဇုိင္းျဖစ္ပါတယ္။ အတြင္းမွာေတာ့ Exynos 9610 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး မန္မုိရီက 3 / 4GB RAM နဲ႔ Storage ကေတာ့ 32 / 64 / 128 GB သုံးမ်ဳိးထြက္ရွိလာမွာပါ။
Android One စမတ္ဖုန္းဟာ Android Pie နဲ႔ပြဲထြက္လာမွာျဖစ္ၿပီး ေနာက္ဘက္မွာ 48MP Sensor တစ္ခုပါတဲ့ Dual-camera ပါဝင္တယ္။ Fingerprint ကိုလည္း ေနာက္ဘက္မွာပဲေတြ႕ရၿပီး ဘကၳရီကေတာ့ 3,500 mAh ဘကၳရီႀကီးျဖစ္ပါတယ္။
Motorola One Vision ဖုန္းဟာ တရုတ္ျပည္ေစ်းကြက္ကိုေတာ့ P40 အမည္နဲ႔ ဝင္ေရာက္လာမယ္လို႔ သိရၿပီး ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။
Ref – GSM Arena
[Unicode]
မတ်လထဲက သတင်းပေါင်းစုံထွက်ပေါ်နေခဲ့တဲ့ Motorola ရဲ့ One Vision ဟာ အခုတော့ ထွက်ရှိရက် တစ်ခု ရရှိခဲ့ပြီဖြစ်ပြီး လာမယ့်မေလ ၁၅ ရက်နေ့ကျရင် ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့မှာ မိတ်ဆက်သွားမှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့မီဒီယာဖိတ်စာလို့ ယူဆရတဲ့ ပုံကို တွစ်တာသုံးစွဲသူတစ်ယောက်က တင်လာတာကို တွေ့ရှိခဲ့ရတာပါ။
Motorola ကတော့ One Vision ဖုန်းအသစ်နဲ့ပတ်သက်လို့ တစ်ခွန်းမှ မဟသေးပေမယ့် သတင်းထွက်နေတာကြာပြီဆိုတော့ အတွင်းက Hardware တွေကို တော်တော်လေး သိနေခဲ့ပါပြီ။
One Vision ဟာ 6.2” လက်မအရွယ် 21:9 FHD+ Display မှာ ဆယ်ဖီကင်မရာအတွက် Punch-hole တစ်ခုနဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အတွင်းမှာတော့ Exynos 9610 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး မန်မိုရီက 3 / 4GB RAM နဲ့ Storage ကတော့ 32 / 64 / 128 GB သုံးမျိုးထွက်ရှိလာမှာပါ။
Android One စမတ်ဖုန်းဟာ Android Pie နဲ့ပွဲထွက်လာမှာဖြစ်ပြီး နောက်ဘက်မှာ 48MP Sensor တစ်ခုပါတဲ့ Dual-camera ပါဝင်တယ်။ Fingerprint ကိုလည်း နောက်ဘက်မှာပဲတွေ့ရပြီး ဘက္ထရီကတော့ 3,500 mAh ဘက္ထရီကြီးဖြစ်ပါတယ်။
Motorola One Vision ဖုန်းဟာ တရုတ်ပြည်ဈေးကွက်ကိုတော့ P40 အမည်နဲ့ ဝင်ရောက်လာမယ်လို့ သိရပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။
Ref – GSM Arena