[Unicode]

Motorola ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ဘာစီလိုနာက Special event မှာ အနည်းဆုံးတော့ စမတ်ဖုန်းသစ် လေးမျိုးကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ အဲ့ဒီဖုန်းတွေက Moto G8, G8 Power, Edge+ flagship နဲ့ အခုထိ နာမည်မသိရသေးတဲ့ Stylus ပါဝင်တဲ့ Midranger အမျိုးအစား တစ်မျိုးတို့ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သတင်းထွက်ခဲ့တာက Moto G8 နဲ့ G8 Power တို့ရဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Stylus ပါဝင်တဲ့ အမည်မသိ Midranger အမျိုးအစားတစ်မျိုးရဲ့ Render လည်း ပေါက်ကြားထွက်ပေါ်လာခဲ့ပါသေးတယ်။

FCC ရဲ့ ဒေတာဘေ့စ် ထဲမှာ အခုမြင်တွေ့ရတာကတော့ ဘက်ထရီပမာဏအကြီးစား 5,000mAh ပါဝင်တဲ့ Moto ဖုန်းပဲဖြစ်ပါတယ်။ ဒီဖုန်းဟာ မော်ဒယ်နံပါတ် XT2055-1 နဲ့ ဖော်ပြခြင်းခံထားတာတာဖြစ်ပါတယ်။ ဒီမော်ဒယ်နံပါတ်အရ ဒီဖုန်းဟာ Moto ရဲ့ Z-series အသစ်ဖြစ်နိုင်ပြီး Moto Z5 ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အမည်မဖော်လိုသူ အတွင်းသတင်းပေးတစ်ယောက်ကတော့ Moto ဟာ Moto Z5 ကို လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ပွဲမှာ ထုတ်ပြသွားမှာမဟုတ်ဘဲ၊ ဒီနောက်ပိုင်းမှာမှ ဖြန့်ချိရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ Moto Mods ဆက်စပ်ပစ္စည်းအမျိုးမျိုးကိုလည်း ထောက်ပံ့ပေးဖွယ် ရှိပါတယ်။ Moto Z5 နဲ့ ပတ်သက်တဲ့နောက်ထပ် အချက်အလက်တွေပေါ်ထွက်လာဖို့တော့ စောင့်ဆိုင်းရဦးမှာပါ။

Ref: GSMArena

[Zawgyi]

5,000mAh ဘက္ထရီအႀကီးစားနဲ႔ ထြက္လာမယ့္ Moto Z5

Motorola ဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔မွာ က်င္းပမယ့္ ဘာစီလိုနာက Special event မွာ အနည္းဆုံးေတာ့ စမတ္ဖုန္းသစ္ ေလးမ်ိဳးကို ေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အဲ့ဒီဖုန္းေတြက Moto G8, G8 Power, Edge+ flagship နဲ႔ အခုထိ နာမည္မသိရေသးတဲ့ Stylus ပါဝင္တဲ့ Midranger အမ်ိဳးအစား တစ္မ်ိဳးတို႔ ျဖစ္မယ္လို႔ ခန္႔မွန္းရပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ သတင္းထြက္ခဲ့တာက Moto G8 နဲ႔ G8 Power တို႔ရဲ႕ အခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Stylus ပါဝင္တဲ့ အမည္မသိ Midranger အမ်ိဳးအစားတစ္မ်ိဳးရဲ႕ Render လည္း ေပါက္ၾကားထြက္ေပၚလာခဲ့ပါေသးတယ္။

FCC ရဲ႕ ေဒတာေဘ့စ္ ထဲမွာ အခုျမင္ေတြ႕ရတာကေတာ့ ဘက္ထရီပမာဏအႀကီးစား 5,000mAh ပါဝင္တဲ့ Moto ဖုန္းပဲျဖစ္ပါတယ္။ ဒီဖုန္းဟာ ေမာ္ဒယ္နံပါတ္ XT2055-1 နဲ႔ ေဖာ္ျပျခင္းခံထားတာတာျဖစ္ပါတယ္။ ဒီေမာ္ဒယ္နံပါတ္အရ ဒီဖုန္းဟာ Moto ရဲ႕ Z-series အသစ္ျဖစ္ႏိုင္ၿပီး Moto Z5 ျဖစ္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။

အမည္မေဖာ္လိုသူ အတြင္းသတင္းေပးတစ္ေယာက္ကေတာ့ Moto ဟာ Moto Z5 ကို လာမယ့္ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔ပြဲမွာ ထုတ္ျပသြားမွာမဟုတ္ဘဲ၊ ဒီေနာက္ပိုင္းမွာမွ ျဖန႔္ခ်ိေရာင္းခ်သြားမယ္လို႔ ဆိုပါတယ္။ ဒီဖုန္းဟာ Moto Mods ဆက္စပ္ပစၥည္းအမ်ိဳးမ်ိဳးကိုလည္း ေထာက္ပံ့ေပးဖြယ္ ရွိပါတယ္။ Moto Z5 နဲ႔ ပတ္သက္တဲ့ေနာက္ထပ္ အခ်က္အလက္ေတြေပၚထြက္လာဖို႔ေတာ့ ေစာင့္ဆိုင္းရဦးမွာပါ။

Ref: GSMArena