Motorola က အိန္ဒိယမှာ Edge 50 ကို ကြေညာလိုက်ပါတယ်။ 6.67” pOLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate, 1900 Nits Peak Brightness , HDR10+ Support နဲ့ SGS Blue Light Reduction ထောက်ပံ့ထားပါတယ်။

Motorola Edge 50 Launch Specs Price India

ရေစိုတဲ့ လက်နဲ့ အသုံးပြုနိုင်တဲ့ Smart Water Touch နည်းပညာ ထည့်သွင်းထားပါတယ်။ Display ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

အထင်ကြီးစရာကောင်းတာက MIL-STD 810H စံနှုန်းပါတဲ့ ကမ္ဘာ့ အပါးလွှာဆုံး ဖုန်း ဖြစ်ပါတယ်။ အထူက ၇.၇၉ မီလီမီတာနဲ့ အလေးချိန်က ၁၈၁ ဂရမ်ပဲ ရှိပါတယ်။ ဒီဇိုင်းအပိုင်းမှာ သတ္တုဖရိမ်ကို အသုံးပြုထားပြီး အနောက်ဘက်ကို သားရေ ဒီဇိုင်း တည်ဆောက်ထားပါတယ်။

Motorola Edge 50

Qualcomm Snapdragon 7 Gen 1 Chipset မောင်းနှင်ထားပြီး 8GB LPDDR4X RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု Motorola Hello UI မောင်းနှင်ထားပြီး Software Update ၂ နှစ်နဲ့ Security Patch ၃ နှစ်ပေးမှာပါ။

ဖုန်းမှာ Magic Eraser, Photo Unblur, Magic Editor တို့လို Google AI Features တွေ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဓါတ်ပုံနဲ့ ဗီဒီယို အရည်အသွေး တိုးတက်စေတဲ့ Smart Color Optimization နဲ့ Adaptive Stabilization တို့လို Motorola ရဲ့ ကိုယ်ပိုင် AI နည်းပညာတွေ ပါပါတယ်။

အနောက်ဘက်မှာ 50MP Main , 10MP 3x Telephoto Lens နဲ့ 13MP Ultrawide ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 68W Fast Charging , 15W Wireless Charging နဲ့ 5W Reverse Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Motorola Edge 50 ရဲ့ 8GB RAM/ 256GB Storage ကို အိန္ဒိယမှာ ၂၇,၉၉၉ ရူပီး သတ်မှတ်ထားပြီး ဒီလ ၈ ရက်နေ့မှာ စတင် ရောင်းချမှာပါ။

Ref : gizmochina