Motorola က စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေတဲ့ သတင်းထွက်နေတာ တော်တော်ကြာနေပါပြီ။ အခုတော့ တရားဝင် ချပြလိုက်ပြီ ဖြစ်ပြီး နာမည်က Motorola Edge S Pro ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ Periscope Lens ၁ လုံး ပါလာပြီး Qualcomm Snapdragon 870 SoC မောင်းနှင်ထားတဲ့အတွက် စွမ်းဆောင်ရည် မြင့်မားပါတယ်။ အရင်က ခန့်မှန်းထားသလိုပဲ Edge S Pro ဟာ လက်ရှိ ရောင်းချထားတဲ့ Edge 20 Pro ကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။

Motorola Edge S Pro is official, it is a renamed Edge 20 Pro

Edge S Pro မှာ ၆.၇ လက်မ OLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး ၁ ဘီလီယမ် အရောင်တွေ ထောက်ပံ့ပါတယ်။ အရှေ့ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး အနောက်ဘက် ပင်မ ကင်မရာကို Over 100MP လို့ ကြေညာထားပါတယ်။ တကယ်တော့ အဲဒါဟာ 9-in-1 Pixel-binning နည်းပညာနဲ့ f/1.9 Aperture ပါတဲ့ 108MP Sensor ဖြစ်ပါတယ်။

Motorola Edge S Pro is official, it is a renamed Edge 20 Pro

ပင်မ ကင်မရာနဲ့ အတူ 8MP Telephoto Lens(5x Optical Zoom) နဲ့ 16MP 119-degree FoV Lens တွေနဲ့ အားဖြည့်ထားပါတယ်။

Edge S Pro အတွက် 6/128GB , 8/128GB , 8/256GB နဲ့ 12/256GB မော်ဒယ်တွေ ထုတ်လုပ်ထားပြီး ဒေါ်လာ ၃၇၀ နဲ့ ၅၁၀ အကြား ကျသင့်မှာ ဖြစ်ပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် ၆ သိန်း ၁ သောင်းနဲ့ ၈ သိန်း ၄ သောင်းလောက်အတွင်း ရှိနိုင်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၀ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena