Motorola က ပြီးခဲ့တဲ့ ၁ ပတ်မှာ စမတ်ဖုန်း အသစ် ၅ လုံးကို ကြေညာခဲ့ပါတယ်။ အဲဒီအထဲက ၁ လုံးဟာ Moto G200 ဖြစ်ပြီး တရုတ်မှာ Motorola Edge S30 အမည်နဲ့ ကြေညာမယ်လို့ ထင်ပါတယ်။ အခုတော့ Motorola ရဲ့ မိခင် ကုမ္ပဏီ Lenovo က အဲဒီဖုန်းရဲ့ Transformers Edition ကို မတော်တဆ ပြသမိလိုက်ပါတယ်။

Lenovo ဟာ ပရိုမိုးရှင်း Web Page ၁ ခုမှာ Motorola Edge S30 Transformers Edition ကို ဖော်ပြမိလိုက်တာ ဖြစ်ပြီး အခုတော့ အဲဒီ ဓါတ်ပုံတွေကို ဖြုတ်ချလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်ရောက်လာပြီးပြီ ဖြစ်တဲ့အတွက် အဲဒီ ဓါတ်ပုံတွေဟာ ပျံ့နှံ့သွားပါပြီ။

ဓါတ်ပုံတွေအရ Motorola Edge S30 Transformers Edition ဟာ Navy Blue အရောင် ဖြစ်ပြီး အနောက်ဘက် ၁ ခုလုံးမှာ Autobot Logo တွေကို ရွေးထွင်းထားပါတယ်။ Motorola Logo ကိုလည်း အရွယ်ကြီး အနီရောင် Autobot Logo နဲ့ အစားထိုးထားပြီး အောက်ခြေမှာ Motorola စာသားကို မြင်ရပါတယ်။

Specification အပိုင်းမှာ အခု အထူးထုတ် မော်ဒယ်ဟာ ရိုးရိုး မော်ဒယ်နဲ့ အများစု တူညီနိုင်ပါတယ်။ ဒီဇိုင်း ကွဲပြားနိုင်ပြီး Transformer Theme နဲ့ Customized Software တွေ ပါလာနိုင်ပါတယ်။

Motorola Edge S30 ကို တရုတ်မှာ ဒီနှစ် မကုန်ခင် ကြေညာနိုင်ပြီး ပေါက်ကြားသတင်းတွေအရ  ၆လက်မ 144Hz display (LCD), Qualcomm Snapdragon 888+ Chipset, LPDDR5 RAM, UFS 3.1 Storage, 108MP (wide) + 13MP (ultra-wide, macro) + 2MP (depth) ကင်မရာ ၃ လုံး, 16MP ဆဲလ်ဖီး ကင်မရာ, 5,000mAh ဘက်ထရီနဲ့ 33W Fast Charging တွေပါလာနိုင်ပါတယ်။

Ref : gizmochina