Unicode

Motorola ဟာ သူတို့အတွက် ပထမဆုံး Pop-up Selfie ကင်မရာနဲ့ စမတ်ဖုန်း One Hyper ကို ဒီဇင်ဘာလထဲမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ 64MP နောက်ဘက်ကင်မရာ အသုံးပြုလာတဲ့ ပထမဆုံး Motorola ဖုန်းလည်းဖြစ်ပြီး 8MP Ultrawide Lens တစ်ခုနဲ့ တွဲဖက်ထားပါတယ်။

ဒီဖုန်းကို ယူနိုက်တက်ကင်းဒန်းမှာ စတာလင်ပေါင် ၂၇၀ (မြန်မာငွေ ငါးသိန်းနှစ်သောင်းခန့်) နဲ့ ရောင်းချနေပြီး နယ်သာလန်မှာ ယူရို ၃၀၀ (မြန်မာငွေ လေးသိန်းကိုးသောင်းခန့်) သာကျသင့်ပါတယ်။ ဒါပေမယ့် အခြားဥရောပနိုင်ငံတွေ တစ်ခုနဲ့တစ်ခုမှာ ဈေးနှုန်းမတူဘဲ ယူရို ၃၇၀ – ၃၈၀ (မြန်မာငွေ ခြောက်သိန်းခန့်) ထိ ကျသင့်နေတာကို တွေ့ရပါတယ်။

One Hyper မှာ Snapdragon 675 ချစ်ပ်ဆက်ပါဝင်ပြီး မန်မိုရီက 4/128 GB ဖြစ်ပါတယ်။ ဆဲလ်ဖီကင်မရာက 32MP ဖြစ်ပြီး Selfie အတွက် နေရာပေးစရာမလိုတော့တဲ့ Display မျက်နှာပြင်က 6.5” လက်မထိ ရှိသွားပါတယ်။ ဒီဖုန်းမှာ 45W ထိအားသွင်းနိုင်တဲ့ Hyper Charging နည်းပညာကို စွဲကာ One Hyper လို့မှည့်ခေါ်ထားပေမယ့် 45W Charger ကိုတော့ သက်သက်ဝယ်ရမှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

Motorola ဟာ သူတုိ႔အတြက္ ပထမဆုံး Pop-up Selfie ကင္မရာနဲ႔ စမတ္ဖုန္း One Hyper ကို ဒီဇင္ဘာလထဲမွာ တရားဝင္မိတ္ဆက္ခဲ့ပါတယ္။ 64MP ေနာက္ဘက္ကင္မရာ အသုံးျပဳလာတဲ့ ပထမဆုံး Motorola ဖုန္းလည္းျဖစ္ၿပီး 8MP Ultrawide Lens တစ္ခုနဲ႔ တြဲဖက္ထားပါတယ္။

ဒီဖုန္းကို ယူႏုိက္တက္ကင္းဒန္းမွာ စတာလင္ေပါင္ ၂၇၀ (ျမန္မာေငြ ငါးသိန္းႏွစ္ေသာင္းခန္႔) နဲ႔ ေရာင္းခ်ေနၿပီး နယ္သာလန္မွာ ယူရုိ ၃၀၀ (ျမန္မာေငြ ေလးသိန္းကိုးေသာင္းခန္႔) သာက်သင့္ပါတယ္။ ဒါေပမယ့္ အျခားဥေရာပႏုိင္ငံေတြ တစ္ခုနဲ႔တစ္ခုမွာ ေစ်းႏႈန္းမတူဘဲ ယူရုိ ၃၇၀ – ၃၈၀ (ျမန္မာေငြ ေျခာက္သိန္းခန္႔) ထိ က်သင့္ေနတာကို ေတြ႕ရပါတယ္။

One Hyper မွာ Snapdragon 675 ခ်စ္ပ္ဆက္ပါဝင္ၿပီး မန္မုိရီက 4/128 GB ျဖစ္ပါတယ္။ ဆဲလ္ဖီကင္မရာက 32MP ျဖစ္ၿပီး Selfie အတြက္ ေနရာေပးစရာမလိုေတာ့တဲ့ Display မ်က္ႏွာျပင္က 6.5” လက္မထိ ရွိသြားပါတယ္။ ဒီဖုန္းမွာ 45W ထိအားသြင္းႏုိင္တဲ့ Hyper Charging နည္းပညာကုိ စြဲကာ One Hyper လို႔မွည့္ေခၚထားေပမယ့္ 45W Charger ကိုေတာ့ သက္သက္ဝယ္ရမွာျဖစ္ပါတယ္။

Ref – GSM Arena