[Unicode]

Foldable ဖုန်းတွေ ဈေးကွက်ထဲကိုပို့ဆောင်ဖို့ ကြိုးစားရာမှာ နှောင့်နှေးနေတတ်တာက လက်ဆင့်ကမ်းလာပုံရပါတယ်။ ပထမဆုံး Samsung ရဲ့ Galaxy Fold တုန်းကလည်း ကြန့်ကြာမှုတွေဖြစ်ခဲ့သလို Huawei ရဲ့ Mate X တုန်းကလည်း နှောင့်နှေးမှုတွေ ဖြစ်ခဲ့ပါတယ်။ အခုတော့ Motorola ရဲ့ Foldable Razr အလှည့် ရောက်သွားပြီလို့ ဆိုရမှာပါ။

Motorola ဟာ သူတို့ရဲ့ Foldable ဖုန်းအကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကြေညာခဲ့တာပါ။ ဒါပေမယ့် Motorola Razr သစ်ဟာ လူအတော်များများရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး ဝယ်လိုအားလည်း မြင့်တက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကုမ္ပဏီက စားသုံးသူတွေရဲ့ ဝယ်လိုအားပေါ်မူတည်ပြီး ဖြန့်ချိမယ့်အချိန်ကို ပြန်လည်ချိန်ညှိဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။

Motorola ရဲ့ ကြေညာချက်မှာတော့ ကုမ္ပဏီဟာ စတင်ဖြန့်ချိချိန်မှာ သုံးစွဲမယ့်သူတွေ ပိုပြီးများများဝယ်ယူနိုင်အောင်လို့ အချိန်ကို ညှိနှိုင်းရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း၊ ဒါပေမယ့် မူလသတ်မှတ်ထားတဲ့အချိန်နဲ့ အများကြီးကွာဟမှာမဟုတ်ကြောင်းကို ထည့်သွင်းဖော်ပြထားပါတယ်။ ဒီကြေညာချက်ဟာ အမေရိကန်ဈေးကွက်အတွက် ဖြစ်တာကြောင့် အမေရိကန်မဟုတ်တဲ့ဈေးကွက်တွေနဲ့လည်း သက်ဆိုင်မှုရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Motorola ရဲ့ Foldable Razr ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်ရောင်းချဖို့ သတ်မှတ်ထားတာဖြစ်ပြီး ကြိုတင်မှာယူမှုတွေကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကတည်းက စတင်ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလိုမျိုး အချိန်ရွှေ့ဆိုင်းလိုက်တဲ့အတွက် ကြိုတင်မှာယူမှုတွေက နည်းပါးသွားမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena

[Zawgyi]

ဝယ္လိုအား ျမင့္တက္လာမႈေၾကာင့္ Foldable Razr ျဖန႔္ခ်ိမယ့္ေန႔ရက္ကို ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ Motorola ေၾကညာ

Foldable ဖုန္းေတြ ေဈးကြက္ထဲကိုပို႔ေဆာင္ဖို႔ ႀကိဳးစားရာမွာ ေႏွာင့္ေႏွးေနတတ္တာက လက္ဆင့္ကမ္းလာပုံရပါတယ္။ ပထမဆုံး Samsung ရဲ႕ Galaxy Fold တုန္းကလည္း ၾကန႔္ၾကာမႈေတြျဖစ္ခဲ့သလို Huawei ရဲ႕ Mate X တုန္းကလည္း ေႏွာင့္ေႏွးမႈေတြ ျဖစ္ခဲ့ပါတယ္။ အခုေတာ့ Motorola ရဲ႕ Foldable Razr အလွည့္ ေရာက္သြားၿပီလို႔ ဆိုရမွာပါ။

Motorola ဟာ သူတို႔ရဲ႕ Foldable ဖုန္းအေၾကာင္းကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကတည္းက ေၾကညာခဲ့တာပါ။ ဒါေပမယ့္ Motorola Razr သစ္ဟာ လူအေတာ္မ်ားမ်ားရဲ႕ စိတ္ဝင္စားျခင္းကိုခံခဲ့ရၿပီး ဝယ္လိုအားလည္း ျမင့္တက္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ကုမၸဏီက စားသုံးသူေတြရဲ႕ ဝယ္လိုအားေပၚမူတည္ၿပီး ျဖန႔္ခ်ိမယ့္အခ်ိန္ကို ျပန္လည္ခ်ိန္ညႇိဖို႔ ဆုံးျဖတ္လိုက္ရတာ ျဖစ္ပါတယ္။

Motorola ရဲ႕ ေၾကညာခ်က္မွာေတာ့ ကုမၸဏီဟာ စတင္ျဖန႔္ခ်ိခ်ိန္မွာ သုံးစြဲမယ့္သူေတြ ပိုၿပီးမ်ားမ်ားဝယ္ယူႏိုင္ေအာင္လို႔ အခ်ိန္ကို ညႇိႏႈိင္းေ႐ႊ႕ဆိုင္းရျခင္းျဖစ္ေၾကာင္း၊ ဒါေပမယ့္ မူလသတ္မွတ္ထားတဲ့အခ်ိန္နဲ႔ အမ်ားႀကီးကြာဟမွာမဟုတ္ေၾကာင္းကို ထည့္သြင္းေဖာ္ျပထားပါတယ္။ ဒီေၾကညာခ်က္ဟာ အေမရိကန္ေဈးကြက္အတြက္ ျဖစ္တာေၾကာင့္ အေမရိကန္မဟုတ္တဲ့ေဈးကြက္ေတြနဲ႔လည္း သက္ဆိုင္မႈရွိ၊ မရွိကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Motorola ရဲ႕ Foldable Razr ကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၉ ရက္ေန႔မွာ စတင္ေရာင္းခ်ဖို႔ သတ္မွတ္ထားတာျဖစ္ၿပီး ႀကိဳတင္မွာယူမႈေတြကိုေတာ့ ဒီဇင္ဘာလ ၂၆ ရက္ေန႔ကတည္းက စတင္ျပဳလုပ္ႏိုင္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အခုလိုမ်ိဳး အခ်ိန္ေ႐ႊ႕ဆိုင္းလိုက္တဲ့အတြက္ ႀကိဳတင္မွာယူမႈေတြက နည္းပါးသြားမယ္လို႔ ယူဆရပါတယ္။

Ref: GSM Arena