ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ ဖုန်းကို ဈေးချိုချိုနဲ့ ကိုင်ချင်သူတွေအတွက် Motorola က Moto G Stylus 5G (2023) ကို ကြေညာလိုက်ပါတယ်။ Snapdragon 6 Gen 1 Chipset ပါတဲ့ အစောဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ဘောပင်ကို အားသွင်းပေါက်ဘေးမှာ ထည့်သွင်းထားနိုင်ပြီး Samsung Galaxy S23 Ultra ရဲ့ S Pen မှာလို Bluetooth နဲ့ ဖိအား အာရုံခံတဲ့ စွမ်းရည်တွေ မပါပါဘူး။

Motorola Moto G Stylus 5G (2023) goes official with SD 6+ Gen 1 chip

Moto G Stylus 5G (2023) မှာ 6.6” IPS LCD FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါပါတယ်။ 16MP အရှေ့ ကင်မရာကို အရွယ်သေး Punch Hole မှာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 50MP Main , 8MP Ultrawide (Macro လိုလည်း သုံးနိုင်) ကင်မရာ ၂ လုံး ပါပါတယ်။

ဆော့ဖ်ဝဲ အပိုင်းမှာ Android 13 အခြေပြု Motorola MyUX မောင်းနှင်ထားပြီး Motorola က အဓိက Android Update ၁ ခုနဲ့ Security Update ၃ နှစ်ပေးမယ်လို့ ပြောပါတယ်။ 20W Charging Support ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပြီး စတီရီယို စပီကာ၊ နားကြပ်ပေါက်နဲ့ microSD Card Slot တွေ ပါပါတယ်။

Moto G Stylus 5G (2023) အတွက် Cosmic Black နဲ့ Rose Champagne အရောင်တွေ ထုတ်လုပ်ထားပြီး အမေရိကန်မှာ 6/256GB ကို ၃၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဇွန်လ ၂ ရက်နေ့မှာ Cricket Wireless ကနေ ရောင်းပေးမှာပါ။ Unlocked Version ကို ဇွန်လ ၁၆ ရက်နေ့မှာ Motorola, Amazon နဲ့ BestBuy တို့ကနေ ရောင်းမှာပါ။

Ref : gsmarena