Motorola က စွမ်းရည်သင့် Moto G9 Plus ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ အဲဒီ စမတ်ဖုန်းကို TUV Rheinland ရဲ့ ဒေတာဘေ့စ်မှာ တွေ့ခဲ့ရပြီးပြီ ဖြစ်ပြီး 4700mAh ဘက်ထရီနဲ့ 30W Fast Charging ပါလာမယ်လို့ သိရပါတယ်။

အခုတော့ အဲဒီ စမတ်ဖုန်းကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ XT2087-1 မော်ဒယ်နံပါတ် အနေနဲ့ မှတ်ပုံတင်ထားပြီး အဲဒီ စမတ်ဖုန်းရဲ့ Specification တချို့ကို ဖော်ပြထားပါတယ်။ Motorola Moto G9 Plus မှာ Dual-band WiFi , NFC နဲ့ Bluetooth BR/EDR/LE ဆက်သွယ်မှုတွေ ပါလာမှာ ဖြစ်ပါတယ်။ FM Radio Support နဲ့ 4700mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းကို စပိန် စတိုး ၁ ခုမှာ စာရင်းတင်ထားပြီး 4GB RAM/ 128GB Storage ကို  ၂၇၇ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်းခွဲလောက်ကျသင့်မှာ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena