Motorola ဟာ Moto Tab G20 ကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်ပေါ်နေတာ လအနည်းငယ်ကြာနေပါပြီ။ ဒီနှစ် ဩဂုတ်လမှာ အဲဒီ တက်ဘလက်ကို Google Play Console မှာ တွေ့ခဲ့ရပြီး ဒီဇိုင်းနဲ့ အဓိက Specification တချို့ကို သိခဲ့ရပါတယ်။

Motorola Moto Tab G20 launched with 8-inch LCD, Helio P22T chipset - GSMArena.com news

အခုတော့ Motorola က Moto Tab G20 တက်ဘလက်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး ၈ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ HD+ Resolution ထောက်ပံ့ထားပြီး MediaTek Helio P22T Chipset မောင်းနှင်ထားပါတယ်။ ဘက်ထရီက 5,100mAh ဖြစ်ပြီး တက်ဘလက် ၁ လုံးအတွက် သေးငယ်တယ်လို့ သုံးသပ်နိုင်ပါတယ်။ အဲဒီ Specification တွေဟာ Lenovo ရဲ့ တတိယမျိုးဆက် Tab M8 တက်ဘလက်နဲ့ တူညီနေပါတယ်။

Moto Tab G20 key features

Motorola Moto Tab G20 အတွက် 3GB RAM နဲ့ 32GB Storage ၁ မျိုးပဲ ထုတ်လုပ်ပေးထားပြီး microSD Card စိုက်နိုင်ပါတယ်။ Android 11 မောင်းနှင်ထားပြီး Motorola က Kids Space Mode ထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက်မှာ 2MP ကင်မရာနဲ့ အနောက်ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပြီး Dolby Atmos ထောက်ပံ့တဲ့ ၁ လုံးထဲသော စပီကာကို တက်ဘလက် အောက်ခြေမှာ နေရာချထားပါတယ်။ နားကြပ်ပေါက် ပါလာပြီး USB-C Port ကနေ 10W Speed နဲ့ အားသွင်းနိုင်ပါတယ်။

Moto Tab G20 အတွက် Platnium Grey ၁ ရောင်ထဲ ထုတ်လုပ်ပေးထားပြီး ၁၄၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဈေးချိုတဲ့ တက်ဘလက် ဖြစ်ပြီး အိန္ဒိယမှာ အောက်တိုဘာလ ၂ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena