Motorola XT2125, ကုဒ်နာမည် “Nio” ဟာ လက်ရှိအချိန်မှာ ကုမ္ပဏီတွင်းစမ်းသပ်မှုတွေပြုလုပ်နေတာဖြစ်သလို၊ Refresh rate ဟာလည်း 105Hz အဖြစ်တွေ့ရတာကြောင့် မျက်နှာပြင်ပိုင်းမှာတော့ တစ်မူထူးခြားမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ အခြားဖုန်း (ဒါမှမဟုတ် အခြား Device အမျိုးအစား) မှာ ဒီလိုမျိုး Refresh rate ကို တွေ့မြင်ရတာ မရှိပါဘူး။

Refresh တွေနဲ့ပတ်သက်ရင် 90Hz display ဟာ 30 နဲ့ 60fps ဗီဒီယိုတွေကို အသာအယာပြသနိုင်ပြီး၊ 120Hz display ကတော့ 24fps ကို အပြစ်အနာအဆာမရှိ ကိုင်တွယ်နိုင်ပါတယ်။ အကြောင်းကတော့ Frame rate ဟာ Refresh နဲ့ အညီအမျှပိုင်းခြားထားလို့ပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ကလိုက်လျောညီထွေပြုပြင်နိုင်ရင်တော့ ဗီဒီယို fps နဲ့ ကိုက်ညီအောင် Refresh rate ကို လျှော့ချနိုင်ပါတယ်။

အခုမြင်တွေ့ရတဲ့ 105Hz နဲ့ပတ်သက်တဲ့ဖြစ်နိုင်ခြေကတော့ ဒါဟာ စမ်းသပ်မှုတစ်ခုအနေနဲ့ 90Hz panel ကို Overclocked စမ်းသပ်မှုပြုလုပ်ထားတယ်ဆိုတဲ့ အယူအဆပါပဲ။ ဒါကြောင့် ဈေးကွက်ထဲကိုရောက်လာရင်တော့ ဒီ Device ဟာ ပုံမှန်အတိုင်း 90Hz refresh အနေနဲ့ပဲ တွေ့မြင်ရဖွယ်ရှိပါတယ်။ Motorola Nio ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 6.7-inch ဖြစ်ပြီး Resolution 1080p+ ဖြစ်ပါတယ်။

Snapdragon 865 chipset ကို အသုံးပြုထားပြီး 8GB of RAM နဲ့တွဲဖက်ထားသလို၊ သိုလှောင်မှုကလည်း 128GB ရှိမှာ ဖြစ်ပါတယ်။ အခြားရွေးချယ်စရာအဖြစ် 12/256GB မော်ဒယ်လိုမျိုးလည်း ရှိကောင်းရှိနိုင်တယ်ဆိုပေမယ့် အခုထိတော့ မတွေ့ရသေးပါဘူး။ Android 11 နဲ့လာမယ်ဆိုတာကြောင့်၊ လာမယ့်နှစ် ပထမသုံးလပတ်လောက်မှာမှ ဈေးကွက်ထဲမှာ တွေ့မြင်ရဖွယ်ရှိပါတယ်။

ကျောဘက်မှာ OmniVision OV64B sensor ကို အခြေခံထားတဲ့ 64MP အဓိကကင်မရာ ပါဝင်မယ်လို့ သိရပါတယ်။ တွဲဖက်ထားတာကတော့ 16MP ultra-wide angle (OV16A10) နဲ့ 2MP depth sensor တို့ဖြစ်တယ်လို့ သိရပါတယ်။ အရှေ့ဘက်မှာ(Samsung S5K4H7) 8MP main module နဲ့ 16MP ultra-wide (OV16A1Q) တို့ကို တပ်ဆင်ထားမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena