Motorola One Fusion+ ကို လာမယ့် ဇွန်လထဲမှာ ဖြန့်ချိမယ်ဆိုတဲ့အကြောင်းနဲ့ အဓိကအစိတ်အပိုင်း တွေအကြောင်းကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က တစ်ခါသတင်းထွက်လာပါသေးတယ်။ အဲဒီတုန်းကတော့ အသေးစိတ်မဟုတ်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အသေးစိတ်အချက်အလက်တွေကို ပိုပြီးပြည့်ပြည့်စုံစုံ သိလာရပြီ ဖြစ်ပါတယ်။

Motorola ဟာ One Fusion နဲ့ One Fusion+ ဆိုပြီး နှစ်မျိုးထုတ်လုပ်မှာဖြစ်ပါတယ်။ Fusion+ ဟာ 6.53-inch, FHD+ resolution မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Snapdragon 730 processor ကို အသုံးပြုထားပြီး ဘက်ထရီပမာဏ 5,000mAh ကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။

Motorola Fusion+ မှာ မော်ဒယ်နံပါတ် XT2067-1 နဲ့ XT2067-2 နှစ်မျိုးရှိပြီး FCC မှာလည်း Certified ရပြီးသား ဖြစ်ပါတယ်။ Cloud နဲ့ Sugarfrost လို့ခေါ်တဲ့ အရောင်နှစ်မျိုးလည်း ထုတ်လုပ်ထားပါတယ်။ 4GB/6GB of RAM နဲ့ 64GB/128GB storage ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အဓိကကျောဘက်ကင်မရာဟာ Samsung ISOCELL GW1 64MP အာရုံခံကိရိယာနဲ့ဖြစ်ပါတယ်။

ကျောဘက်မှာ 64MP အဓိကင်မရာအပါအဝင် 5MP+8MP+2MP စတဲ့ ကင်မရာလေးလုံးကို ဒေါင်လိုက်တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ မျက်နှာပြင်ဟာ သမားရိုးကျ Flat display ဖြစ်ပြီး Notch တို့ Punch-hole တို့ မပါဝင်ပါဘူး။ ဒါကြောင့် Pop-up အမျိုးအစား ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ Selfie ကတော့ 8MP အမျိုးအစား ကင်မရာ ဖြစ်တယ်လို့ သိရပါတယ်။

Motorola အနေနဲ့ ဒီဟန်းဆက်ကို အာရှပစိဖိတ်၊ အရှေ့ဥရောပ၊ အိန္ဒိယ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြန့်ချိရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ ဇွန်လထဲမှာ ထွက်လာမယ်ဆိုပေမယ့် တိကျတဲ့ရက်ကိုတော့ မသိရသေးပါဘူး။

Ref: Gizmochina