Motorola က သတင်းများစွာ ထွက်နေတဲ့ Razr 5G Foldable ဖုန်း အသစ်ကို ကြေညာလိုက်ပါပြီ။ အရင်နှစ်ထုတ် Razr ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး အများကြီး တိုးတက်လာပါတယ်။ ခေါက်ချိုး ဒီဇိုင်းက တူညီပြီး ဟိုးအရင်တုန်းက ခေါက်ချိုး ဖုန်းတွေမှာ Foldable မျက်နှာပြင် နည်းပညာ ထည့်သွင်းထားတာပါ။

Razr 5G ရဲ့ Specs အကြောင်း ပြောရရင် Snapdragon 765G Chipset မောင်းနှင်ထားပြီး မိုဘိုင်းဒေတာ အမြန်နှုန်းနဲ့ စွမ်းဆောင်ရည်ဟာ အရင်မျိုးဆက်ထက် ပိုကောင်းလာပါတယ်။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ အပြင်ဘက်မှာ ၂.၇ လက်မ gOLED 800x600p မျက်နှာပြင်ငယ် ၁ ခုပါလာပြီး 370ppi ထောက်ပံ့ထားပါတယ်။ အတွင်းဘက် မျက်နှာပြင်က ၆.၂ လက်မ pOLED 876×2142 ဖြစ်ပြီး 373ppi ရှိပါတယ်။

Camera, Messages, Calculator, Google Keep, Google News, Google Home နဲ့ YouTube တို့လို App တွေကို အပြင်ဘက် မျက်နှာပြင်မှာ သုံးလို့ရလာသလို Gesture Navigation ကိုလည်း ထောက်ပံ့လာပါတယ်။ ရေစက်ရေပေါက် မတင်ကျန်အောင် ဒီဇိုင်းထုတ်ထားပြီး 15W Charging ပါတဲ့ 2,800mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

ကင်မရာအကြောင်း ပြောရရင် ပင်မအနေနဲ့ 48MP ပါလာပြီး OIS နဲ့ Laser Autofocus ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။ တရုတ်နဲ့ ဥရောပ နိုင်ငံတချို့မှာ ဒီနှစ်နှောင်းပိုင်း ရောင်းမှာ ဖြစ်ပြီး အဲဒီနောက်ကျမှ တခြားနိုင်ငံတွေမှာ ဝယ်ယူနိုင်မှာပါ။ Polished Graphite (Aka Black Or Dark Gray), Liquid Mercury (Aka Silver) နဲ့ Blush Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Motorola အွန်လိုင်းစတိုးမှာ ၁,၃၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၁၈ သိန်းခွဲလောက်ရှိတဲ့အတွက် ဒီဇိုင်းလန်းသလို ဈေးလည်း မြောက်ပါတယ်။

Ref : gsmarena