Motorola က သူတို့ရဲ့ ပထမဆုံး စာအုပ်ပုံစံ ခေါက်လို့ရတဲ့ Razr Fold ဖုန်းကို CES 2026 မှာ မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းကို အရောင် ၂ မျိုးနဲ့ ရနိုင်မှာဖြစ်ပါတယ်။

Motorola Razr Fold is official, gets an 8.09-inch foldable display, 50MP triple rear cameras

Razr Fold မှာ 2K resolution ရှိတဲ့ ၈.၀၉ လက်မ LTPO အတွင်းဘက် မျက်နှာပြင်နဲ့ ၆.၅၆ လက်မ အပြင်ဘက် မျက်နှာပြင်တို့ ပါဝင်ပါတယ်။

 

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP Sony LYTIA main sensor ၊ 50MP ultra-wide ကင်မရာနဲ့ 3x optical zoom ပါတဲ့ 50MP periscope telephoto ကင်မရာဆိုပြီး ၃ လုံးတွဲ ပါဝင်မှာဖြစ်သလို Dolby Vision recording ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Selfie အတွက်တော့ အပြင်ဘက်မျက်နှာပြင်မှာ 32MP ကင်မရာနဲ့ အတွင်းဘက်မျက်နှာပြင်မှာ 20MP ကင်မရာတွေ ထည့်သွင်းပေးထားပါတယ်။

Motorola Razr Fold is official, gets an 8.09-inch foldable display, 50MP triple rear cameras

ဒီဖုန်း စတင်ရောင်းချတဲ့အခါ Pantone Blackened Blue နဲ့ Pantone Lily White ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။

ဒါ့အပြင် Catch Me Up နဲ့ Next Move လို AI လုပ်ဆောင်ချက်တွေ ပါဝင်သလို Moto Pen Ultra stylus ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Motorola အနေနဲ့ Razr Fold ရဲ့ တခြားအချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

ဈေးနှုန်း၊ ဝယ်ယူနိုင်မယ့်ရက်နဲ့ အသေးစိတ်အချက်အလက် အပြည့်အစုံကိုတော့ နောက်ပိုင်းမှ ကြေညာသွားမယ်လို့ သိရပါတယ်။

Ref: gsmarena