[Zawgyi]
Galaxy Fold နဲ႔ Mate X ဘယ္တစ္မ်ိဳးက ေဈးကြက္ထဲကို အရင္ေရာက္မလဲလို႔ ေစာင့္ေနၾကခ်ိန္မွာ Motorola ကလည္း ကစားပြဲထဲကို ဝင္လာတယ္လို႔ ဆိုရပါလိမ့္မယ္။ လက္ရွိထြက္ေပၚေနတဲ့ ေကာလာဟလေတြအရ Motorola ရဲ႕ ပထမဆုံး Foldable စမတ္ဖုန္းဟာ လာမယ့္ ဒီဇင္ဘာမွာ ေရာင္းခ်မယ္လို႔ သိရပါတယ္။
Motorola Razr အေနနဲ႔ပဲ ထြက္လာမယ့္ ဒီ Foldable ဖုန္းဟာ ဒီဇင္ဘာ လမွာ ဒါမွမဟုတ္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလထဲမွာ ဥေရာပေဈးကြက္ဆီ ေရာက္ရွိမယ္လို႔ ဆိုပါတယ္။ ေဈးႏႈန္းကေတာ့ ယူ႐ို ၁၅၀၀ ေအာက္ (ျမန္မာေငြ ၂၅ သိန္း ၃ေသာင္းဝန္းက်င္ေအာက္) ျဖစ္မယ္လို႔လည္း သိရပါတယ္။
Moto Razr အေၾကာင္းသတင္းေတြကေတာ့ ၂၀၁၉ ႏွစ္ဆန္းပိုင္းေလာက္ကတည္းက ထြက္ေပၚေနခဲ့တာပါ။ Foldable စမတ္ဖုန္းလို႔ဆိုေပမယ့္ ေခါက္ခ်ိဳးပုံစံက Galaxy Fold တို႔ Mate X တို႔လိုမဟုတ္ပါဘူး။ မိုလ္ဘိုင္းေခတ္ဦးပိုင္းက ေခါက္ဖုန္းပုံစံကို အတြင္းဘက္မွာ မ်က္ႏွာျပင္ျပည့္တပ္ထားတဲ့ Foldable ပုံစံအျဖစ္လို႔ သိရပါတယ္။
အခု Moto Razr ရဲ႕ သတင္းေတြထပ္ထြက္လာျပန္ေတာ့လည္း ႏွစ္ဆန္းပိုင္းက ထြက္ခဲ့ဖူးတဲ့ သတင္းေတြနဲ႔ သိပ္ၿပီးေတာ့ ကြာျခားမႈမရွိတာကိုေတြ႕ရပါတယ္။ ေျပာစရာရွိတာက Moto Razr ဟာ Foldable လည္းျဖစ္တယ္၊ ေဈးႏႈန္းကလည္း Galaxy Fold တို႔ Mate X တို႔နဲ႔ႏႈိင္းယွဥ္ရင္ သိသိသာသာႀကီးသက္သာတယ္ ဆိုတဲ့အခ်က္ပါပဲ။
အျခားတစ္ဘက္က ျပန္ၾကည့္ရင္ေတာ့ Foldable မဟုတ္တဲ့ သမား႐ိုးက် Flagship ဖုန္းေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေဈးႏႈန္းက တစ္ဝက္ေက်ာ္ေလာက္ ျမင့္မားေနတာပါ။ အနီးစပ္ဆုံးထြက္ထားတဲ့ ေကာလာဟလအရဆိုရင္ Snapdragon 710 SoC, 4/6GB of RAM, 64/128GB သိုေလွာင္မႈ ျဖစ္ပါတယ္။ 2,730 mAh ဘက္ထရီ တပ္ဆင္ထားၿပီး မ်က္ႏွာျပင္အ႐ြယ္အစားက 6.2-inch ျဖစ္သလို 876×2142 resolution ျဖစ္ပါတယ္။
Ref: GSM Arena
[Unicode]
Motorola ရဲ့ Razr Foldable ဖုန်းကို ဒီဇင်ဘာမှာ ဥရောပဈေးကွက်တွင်း ဖြန့်မယ်လို့ သတင်းထွက်ပေါ်လာ
Galaxy Fold နဲ့ Mate X ဘယ်တစ်မျိုးက ဈေးကွက်ထဲကို အရင်ရောက်မလဲလို့ စောင့်နေကြချိန်မှာ Motorola ကလည်း ကစားပွဲထဲကို ဝင်လာတယ်လို့ ဆိုရပါလိမ့်မယ်။ လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေအရ Motorola ရဲ့ ပထမဆုံး Foldable စမတ်ဖုန်းဟာ လာမယ့် ဒီဇင်ဘာမှာ ရောင်းချမယ်လို့ သိရပါတယ်။
Motorola Razr အနေနဲ့ပဲ ထွက်လာမယ့် ဒီ Foldable ဖုန်းဟာ ဒီဇင်ဘာ လမှာ ဒါမှမဟုတ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလထဲမှာ ဥရောပဈေးကွက်ဆီ ရောက်ရှိမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ယူရို ၁၅၀၀ အောက် (မြန်မာငွေ ၂၅ သိန်း ၃သောင်းဝန်းကျင်အောက်) ဖြစ်မယ်လို့လည်း သိရပါတယ်။
Moto Razr အကြောင်းသတင်းတွေကတော့ ၂၀၁၉ နှစ်ဆန်းပိုင်းလောက်ကတည်းက ထွက်ပေါ်နေခဲ့တာပါ။ Foldable စမတ်ဖုန်းလို့ဆိုပေမယ့် ခေါက်ချိုးပုံစံက Galaxy Fold တို့ Mate X တို့လိုမဟုတ်ပါဘူး။ မိုလ်ဘိုင်းခေတ်ဦးပိုင်းက ခေါက်ဖုန်းပုံစံကို အတွင်းဘက်မှာ မျက်နှာပြင်ပြည့်တပ်ထားတဲ့ Foldable ပုံစံအဖြစ်လို့ သိရပါတယ်။
အခု Moto Razr ရဲ့ သတင်းတွေထပ်ထွက်လာပြန်တော့လည်း နှစ်ဆန်းပိုင်းက ထွက်ခဲ့ဖူးတဲ့ သတင်းတွေနဲ့ သိပ်ပြီးတော့ ကွာခြားမှုမရှိတာကိုတွေ့ရပါတယ်။ ပြောစရာရှိတာက Moto Razr ဟာ Foldable လည်းဖြစ်တယ်၊ ဈေးနှုန်းကလည်း Galaxy Fold တို့ Mate X တို့နဲ့နှိုင်းယှဉ်ရင် သိသိသာသာကြီးသက်သာတယ် ဆိုတဲ့အချက်ပါပဲ။
အခြားတစ်ဘက်က ပြန်ကြည့်ရင်တော့ Foldable မဟုတ်တဲ့ သမားရိုးကျ Flagship ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းက တစ်ဝက်ကျော်လောက် မြင့်မားနေတာပါ။ အနီးစပ်ဆုံးထွက်ထားတဲ့ ကောလာဟလအရဆိုရင် Snapdragon 710 SoC, 4/6GB of RAM, 64/128GB သိုလှောင်မှု ဖြစ်ပါတယ်။ 2,730 mAh ဘက်ထရီ တပ်ဆင်ထားပြီး မျက်နှာပြင်အရွယ်အစားက 6.2-inch ဖြစ်သလို 876×2142 resolution ဖြစ်ပါတယ်။
Ref: GSM Arena