[Unicode]

Motorola က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Foldable မျက်နှာပြင်ပါတဲ့ Razr ကို ကြေညာခဲ့ပြီး ခရစ်စမတ်ကာလမှာ ပထမဆုံး အသုတ် ရောင်းမယ်လို့ ပြောခဲ့ပါတယ်။ အခုဆိုရင် ဇန်နဝါရီလလယ်တောင် ရောက်နေပြီဖြစ်ပြီး အဲဒီဖုန်းရဲ့ အရိပ်အယောင်ကို မမြင်ရသေးပါဘူး။ ကုမ္ပဏီက ထုတ်လုပ်ရောင်းချမှုနှောင့်နှေးမယ်လို့ ကြေညာထားပါတယ်။ အခုတော့ ဘူးခွံ ဓါတ်ပုံတွေ ထွက်ပေါ်လာတဲ့အတွက် ရောင်းဖို့နီးနေပြီလို့ ထင်ပါတယ်။

Lenovo China ရဲ့ မိုဘိုင်း ဌာနမှ အထွေထွေမန်နေဂျာက ဝီဘိုမှာ အဲဒီ ဓါတ်ပုံတွေကို မျှဝေလိုက်တာပါ။ ဓါတ်ပုံတွေမှာ ထုတ်လုပ်တဲ့ ရက်စွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့လို့ ဖော်ပြထားပြီး မော်ဒယ်နံပါတ်က XT-2000-2 ဖြစ်ပါတယ်။ အဲဒီအတွက် ရောင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ရပါတယ်။

တြိဂံပုံ ဘူးခွံက ဒီဇိုင်း ဆန်းသစ်ပြီး အနက်ရောင် ဖြစ်ပါတယ်။ ထိပ်ဖက်မှာ Motorola Logo ကို တွေ့ရပါတယ်။ စာအုပ်လို ဖွင့်ရမှာလား၊ ထိပ်ဖက်ကနေ ဖွင့်ရမှာလားဆိုတာ မသိရသေးပါဘူး။ အတွင်းထဲမှာ ဖုန်းကို ခေါက်ထားမယ်လို့ ထင်ပါတယ်။

အဲဒီဖုန်းမှာ 6GB RAM နဲ့ 128GB Storage တွေ ပါလာမှာဖြစ်ပြီး Snapdragon 710 Processor မောင်းနှင်ထားမှာပါ။ 16MP ကင်မရာ ၁ လုံးပဲ ထည့်သွင်းထားပါတယ်။ ကုမ္ပဏီက အဲဒီဖုန်းကို ဒီဇိုင်း အပိုင်းမှာ အထူး ဖန်တီးထားတာဖြစ်ပြီး Specs တွေကို အကောင်းစားတွေ မထည့်ထားဘူးလို့ ပြောထားပါတယ်။ အမေရိကန်မှာ ၁,၄၉၉ ဒေါ်လာနဲ့ ဥရောပမှာ ၁,၆၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂၂ သိန်းနဲ့ ၂၆ သိန်းလောက်ရှိနိုင်ပါတယ်။ Razr မှာ eSIM ပဲထောက်ပံ့ပြီး Physical SIM Slot မပါတဲ့အတွက် eSIM ထောက်ပံ့တဲ့ နိုင်ငံတွေမှာပဲ ရောင်းမှာပါ။

Ref : gsmarena

[Zawgyi]

Motorola Razr ရဲ႕ ဘူးခြံဓါတ္ပုံေတြကို ကုမၸဏီက Tease လုပ္လိုက္ၿပီ

Motorola က ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ Foldable မ်က္ႏွာျပင္ပါတဲ့ Razr ကို ေၾကညာခဲ့ၿပီး ခရစ္စမတ္ကာလမွာ ပထမဆုံး အသုတ္ ေရာင္းမယ္လို႔ ေျပာခဲ့ပါတယ္။ အခုဆိုရင္ ဇန္နဝါရီလလယ္ေတာင္ ေရာက္ေနၿပီျဖစ္ၿပီး အဲဒီဖုန္းရဲ႕ အရိပ္အေယာင္ကို မျမင္ရေသးပါဘူး။ ကုမၸဏီက ထုတ္လုပ္ေရာင္းခ်မႈေႏွာင့္ေႏွးမယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ ဘူးခြံ ဓါတ္ပုံေတြ ထြက္ေပၚလာတဲ့အတြက္ ေရာင္းဖို႔နီးေနၿပီလို႔ ထင္ပါတယ္။

Lenovo China ရဲ႕ မိုဘိုင္း ဌာနမွ အေထြေထြမန္ေနဂ်ာက ဝီဘိုမွာ အဲဒီ ဓါတ္ပုံေတြကို မွ်ေဝလိုက္တာပါ။ ဓါတ္ပုံေတြမွာ ထုတ္လုပ္တဲ့ ရက္စြဲကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၉ ရက္ေန႔လို႔ ေဖာ္ျပထားၿပီး ေမာ္ဒယ္နံပါတ္က XT-2000-2 ျဖစ္ပါတယ္။ အဲဒီအတြက္ ေရာင္းဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ထင္ရပါတယ္။

ႀတိဂံပုံ ဘူးခြံက ဒီဇိုင္း ဆန္းသစ္ၿပီး အနက္ေရာင္ ျဖစ္ပါတယ္။ ထိပ္ဖက္မွာ Motorola Logo ကို ေတြ႕ရပါတယ္။ စာအုပ္လို ဖြင့္ရမွာလား၊ ထိပ္ဖက္ကေန ဖြင့္ရမွာလားဆိုတာ မသိရေသးပါဘူး။ အတြင္းထဲမွာ ဖုန္းကို ေခါက္ထားမယ္လို႔ ထင္ပါတယ္။

အဲဒီဖုန္းမွာ 6GB RAM နဲ႔ 128GB Storage ေတြ ပါလာမွာျဖစ္ၿပီး Snapdragon 710 Processor ေမာင္းႏွင္ထားမွာပါ။ 16MP ကင္မရာ ၁ လုံးပဲ ထည့္သြင္းထားပါတယ္။ ကုမၸဏီက အဲဒီဖုန္းကို ဒီဇိုင္း အပိုင္းမွာ အထူး ဖန္တီးထားတာျဖစ္ၿပီး Specs ေတြကို အေကာင္းစားေတြ မထည့္ထားဘူးလို႔ ေျပာထားပါတယ္။ အေမရိကန္မွာ ၁,၄၉၉ ေဒၚလာနဲ႔ ဥေရာပမွာ ၁,၆၀၀ ယူ႐ို သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၂ သိန္းနဲ႔ ၂၆ သိန္းေလာက္ရွိႏိုင္ပါတယ္။ Razr မွာ eSIM ပဲေထာက္ပံ့ၿပီး Physical SIM Slot မပါတဲ့အတြက္ eSIM ေထာက္ပံ့တဲ့ ႏိုင္ငံေတြမွာပဲ ေရာင္းမွာပါ။

Ref : gsmarena