Motorola Razr 3 Foldable စမတ်ဖုန်းရဲ့ သတင်းတွေထွက်နေတာ လအနည်းငယ်ရှိနေပါပြီ။ အဲဒီ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို အရင်မျိုးဆက်တွေနဲ့ မတူညီအောင် ဆန်းသစ်ထားမှာ ဖြစ်ပြီး ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

The Motorola Razr 3 Could Be the Most Powerful Razr Yet | Digital Trends

အခုတော့ Ross Young က Motorola Razr 3 ရဲ့ အပြင်ဘက် မျက်နှာပြင်ဟာ ၃ လက်မ ရှိမယ်လို့ ပြောတဲ့အတွက် အရင်မျိုးဆက် Razr 5G ရဲ့ ၂.၇ လက်မ မျက်နှာပြင်ထက် ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်မ Foldable မျက်နှာပြင်ဟာ ၆.၂ လက်မ ကနေ ၆.၇ လက်မ အထိ ပိုမိုကြီးမားလာမှာ ဖြစ်ပြီး အဲဒီ မျက်နှာပြင်ကို China Star က ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။

Motorola Razr 3 coming soon! Lenovo says it looks better, is faster | Tech News

အရင်မျိုးဆက်တွေနဲ့ မတူညီတာက Motorola Razr 3 မှာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေမှာလို စွမ်းရည်မြင့် ဟာ့ဒ်ဝဲတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလက သတင်းအရ အဲဒီ စမတ်ဖုန်းမှာ Snapdragon 8 Gen 1 Chipset နဲ့ 120Hz Refresh Rate မျက်နှာပြင် ပါလာနိုင်ပါတယ်။

အရင် သတင်းတွေအရ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 50MP Main နဲ့ 13MP Ultrawide တို့ ဖြစ်ပါတယ်။ 32MP ကင်မရာကို အရှေ့ဘက်မှာ ထည့်သွင်းထားမှာပါ။ အတွင်းဘက် မျက်နှာပြင်ရဲ့ Resolution က Full HD+ ဖြစ်ပြီး ဇူလိုင်လ နှောင်းပိုင်းနဲ့ ဩဂုတ်လ အစောပိုင်း တရုတ်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena