Motorola ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Flip Foldable Phone အသစ်ဖြစ်တဲ့ Motorola Razr ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Motorola Razr ဖုန်းဟာ Galaxy Z Flip ဖုန်းနဲ့ယှဥ်ရင် အားနည်းချက်တွေအများအပြားရှိခဲ့ပေမယ့် အခုတော့ Motorola ကနေ ပိုကောင်းတဲ့ Motorola Razr 2 ကို မိတ်ဆက်သွားတော့မှာပါ။

အခုအချိန်မှာတော့ အဆိုပါ Motorola Razr 2 မှာပါဝင်လာမယ့် Specs တွေက ပေါက်ကြားလာခဲ့ပါပြီ။ Model Name အနေနဲ့ “XT2071-4” လို့ နာမည်ပေးထားတဲ့ Motorola Razr 2 ဟာ Qualcomm Snapdragon 765 Processor အပြင် RAM 8GB နဲ့ 256GB Storage တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

အခုလိုမျိုး Qualcomm Snapdragon 765 Processor ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် Motorola Razr 2 ဟာ 5G ကို Support ပေးနိုင်မှာဖြစ်ပြီး Sub-6GHz Network ကိုပါ Support ပေးနိုင်တဲ့ X52 Modem ပါဝင်လာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Battery ကိုလည်း 2510mAh Battery ကနေ 2845mAh Battery အထိတိုးမြှင့်ထားသလို Camera ပိုင်းမှာလည်း 48MP Samsung ISOCELL Bright GM1 Primary Sensor ပါဝင်တဲ့ Back Camera အပြင် 20MP Selfie Camera ကိုလည်း ထည့်သွင်းထားမှာဖြစ်တယ်လို့ သိရပါတယ်။ Design ပိုင်းအရတော့ လက်ရှိ Motorola Razr ထက် အများအပြားပြောင်းလဲမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Motorola Razr 2 စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလမှာ တရားဝင်မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

Ref – 9to5Google