Unicode

Motorola ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း RAZR 2019 မှာ သိပ်အထင်ကြီးစရာမရှိတဲ့ Snapdragon 710 ချစ်ပ်ဆက်ကိုသာ အသုံးပြုထားခဲ့ပြီး ဒီဖုန်းဟာ 5G ချိတ်ဆက်နိုင်စွမ်းလည်း မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် Motorola ရဲ့ ကုမ္ပဏီခွဲတစ်ခုက သူတို့ဟာ ဒီဖုန်းရဲ့ 5G ဗားရှင်းကို ထုတ်လုပ်နေပြီဆိုတာ ထုတ်ဖော်လာခဲ့ပါတယ်။

RAZR 5G ဗားရှင်းကို ဝူဟန်မြို့မှာကျင်းပမယ့် Wuhann International Expo Center မှာခင်းကျင်းပြသသွားမယ် လို့ဆိုပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ အဆိုပါမြို့မှာတည်ရှိတဲ့ Lenovo ပိုင်ဆိုင်တဲ့ စက်ရုံကနေ ဒီဟန်းဆက်တွေကို ထုတ်လုပ်သွားမှာပါ။

ဒါပေမယ့် 5G ဗားရှင်း Motorola RAZR ကို ဂလိုဘယ်ဈေးကွက်မှာတော့ တန်းတွေ့ရမှာ မဟုတ်သေးပါဘူး။ ဘယ်ချိန်မှာ တွေ့ရမလဲ ဆိုတာလည်း မသေချာသေးဘူးလို့ ဆိုရမှာပါ။ သူ့ရဲ့ နက်ဝပ်အသစ်ချိတ်ဆက်နိုင်စွမ်းအတွက် ပြောင်းလဲမှုပြုလုပ်မှာကတော့ ချစ်ပ်ဆက်အပိုင်းဖြစ်ပြီး Snapdragon 765G သို့မဟုတ် MediaTek Dimensity တို့ကို ရွေးချယ်လာနိုင်တယ်လို့ ယူဆရပါတယ်။

Ref – GSM Arena

Zawgyi




Ref – GSM Arena