Zawgyi
Motorola ဟာ ၂၀၁၉ ခုႏွစ္အတြင္းမွာ စမတ္ဖုန္းေစ်းကြက္ထဲကို ထိုးေဖာက္မႈမ်ဳိးစုံနဲ႔ ျပန္လည္ဝင္ေရာက္လာဖို႔ ႀကိဳးစားေနၿပီး အခုေနာက္ဆုံး သူတုိ႔ရဲ႕ ႀကိဳးစားမႈကေတာ့ Pop-up Selfie ကင္မရာနဲ႔ စမတ္ဖုန္းလို႔ ယူဆရပါတယ္။
လက္တင္အေမရိကမွ Motorola အမာခံပရိသတ္ တစ္ဦးက Facebook စာမ်က္ႏွာေပၚမွာ မထြက္ရွိေသးတဲ့ Moto ဖုန္းတစ္ခုရဲ ပုံကို တစ္ေန႔က တင္လာခဲ့ၿပီး အဆုိပါစမတ္ဖုန္းရဲ႕ ပကတိပုံေတြထဲမွာ ပရိသတ္ေတြ အာရုံအစုိက္မိဆုံးက Pop-up Selfie ကင္မရာပါပဲ။ ဘာေၾကာင့္လဲဆုိရင္ Motorola ဟာ Pop-up Camera ပါတဲ့ စမတ္ဖုန္းကို ထုတ္လုပ္တာ ဒီတစ္ခါ ပထမဆုံးျဖစ္တာေၾကာင့္ပါပဲ။
အဆုိပါဓါတ္ပုံေတြထဲက စမတ္ဖုန္းရဲ႕ ေအာက္ဘက္ Bezel မွာ ပါဝင္တဲ့ အမွတ္အသားအရေတာ့ ဒါဟာ ထုတ္လုပ္ဖို႔ စမ္းသပ္ဆဲ Prototype ေမာ္ဒယ္တစ္ခုလို႔ ယူဆရပါတယ္။ ဒီဖုန္းမွာ Bezel လုံးဝမပါလုနီးနီး ပါးလႊာတဲ့ေဘးေဘာင္ေတြပါၿပီး ေအာက္ဘက္ Bezel ကေတာ ့နည္းနည္းပိုထူပါတယ္။ ေနာက္ဘက္မွာေတာ့ Moto ရဲ႕ လင္းႏုိ႔ေတာင္ပံစတုိင္လ္ လိုဂုိကို ေတြ႕ရမွာျဖစ္ၿပီး အလယ္မွာ Fingerprint နဲ႔ တူတဲ့ အလင္းဝုိင္းေလးလည္း ပါရွိပါတယ္။
အေစာပုိင္းပုိစ့္ေတြမွာ ဘာမွမေျပာခဲ့ေပမယ့္ ေနာက္ထပ္တင္ခဲ့တဲ့ ပုိစ့္ေတြမွာေတာ့ ဒီဖုန္းဟာ Moto One အဖြဲ႕ဝင္ အသစ္လား ဒါမွမဟုတ္ Moto G စီးရီးရဲ႕ မ်ဳိးဆက္သစ္လားဆုိၿပီး ေမးခြန္းထုတ္ထားတာကို ေတြ႕ရပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ဒီဖုန္းဟာ Moto One အဖြဲ႕ဝင္နဲ႔တူေၾကာင္း ေထာက္ခံၾကေပမယ့္ Pop-up ကင္မရာပါဝင္တဲ့ Moto G မ်ဳိးဆက္သစ္ဆုိတာလည္း ျဖစ္ႏုိင္ပါေသးတယ္။
အခုလို ပကတိပုံရိပ္ေတြ ထြက္လာၿပီဆုိေတာ့ Moto ရဲ႕စမတ္ဖုန္းသစ္ကို ျမင္ရဖို႔ သိပ္မၾကာေတာ့ဘူးလို႔ ယူဆရပါတယ္။ ဒါေၾကာင့္ ဒီရက္ပုိင္းအတြင္းမွာ သူနဲ႔ပတ္သက္တဲ့ သတင္းေတြကို ထပ္ျမင္ရဦးမွာပါ။
Ref – GSM Arena
Unicode
Motorola ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ စမတ်ဖုန်းဈေးကွက်ထဲကို ထိုးဖောက်မှုမျိုးစုံနဲ့ ပြန်လည်ဝင်ရောက်လာဖို့ ကြိုးစားနေပြီး အခုနောက်ဆုံး သူတို့ရဲ့ ကြိုးစားမှုကတော့ Pop-up Selfie ကင်မရာနဲ့ စမတ်ဖုန်းလို့ ယူဆရပါတယ်။
လက်တင်အမေရိကမှ Motorola အမာခံပရိသတ် Facebook စာမျက်နှာပေါ်မှာ မထွက်ရှိသေးတဲ့ Moto ဖုန်းတစ်ခုရဲ ပုံကို တစ်နေ့က တင်လာခဲ့ပြီး အဆိုပါစမတ်ဖုန်းရဲ့ ပကတိပုံတွေထဲမှာ ပရိသတ်တွေ အာရုံအစိုက်မိဆုံးက Pop-up Selfie ကင်မရာပါပဲ။ ဘာကြောင့်လဲဆိုရင် Motorola ဟာ Pop-up Camera ပါတဲ့ စမတ်ဖုန်းကို ထုတ်လုပ်တာ ဒီတစ်ခါ ပထမဆုံးဖြစ်တာကြောင့်ပါပဲ။
အဆိုပါဓါတ်ပုံတွေထဲက စမတ်ဖုန်းရဲ့ အောက်ဘက် Bezel မှာ ပါဝင်တဲ့ အမှတ်အသားအရတော့ ဒါဟာ ထုတ်လုပ်ဖို့ စမ်းသပ်ဆဲ Prototype မော်ဒယ်တစ်ခုလို့ ယူဆရပါတယ်။ ဒီဖုန်းမှာ Bezel လုံးဝမပါလုနီးနီး ပါးလွှာတဲ့ဘေးဘောင်တွေပါပြီး အောက်ဘက် Bezel ကတော့နည်းနည်းပိုထူပါတယ်။ နောက်ဘက်မှာတော့ Moto ရဲ့ လင်းနို့တောင်ပံစတိုင်လ် လိုဂိုကို တွေ့ရမှာဖြစ်ပြီး အလယ်မှာ Fingerprint နဲ့ တူတဲ့ အလင်းဝိုင်းလေးလည်း ပါရှိပါတယ်။
အစောပိုင်းပိုစ့်တွေမှာ ဘာမှမပြောခဲ့ပေမယ့် နောက်ထပ်တင်ခဲ့တဲ့ ပိုစ့်တွေမှာတော့ ဒီဖုန်းဟာ Moto One အဖွဲ့ဝင် အသစ်လား ဒါမှမဟုတ် Moto G စီးရီးရဲ့ မျိုးဆက်သစ်လားဆိုပြီး မေးခွနန်းထုတ်ထားတာကို တွေ့ရပါတယ်။ တော်တော်များများက ဒီဖုန်းဟာ Moto One အဖွဲ့ဝင်နဲ့တူကြောင်း ထောက်ခံကြပေမယ့် Pop-up ကင်မရာပါဝင်တဲ့ Moto G မျိုးဆက်သစ်ဆိုတာလည်း ဖြစ်နိုင်ပါသေးတယ်။
အခုလို ပကတိပုံရိပ်တွေ ထွက်လာပြီဆိုတော့ Moto ရဲ့စမတ်ဖုန်းသစ်ကို မြင်ရဖို့ သိပ်မကြာတော့ဘူးလို့ ယူဆရပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှာ သူနဲ့ပတ်သက်တဲ့ သတင်းတွေကို ထပ်မြင်ရဦးမှာပါ။
Ref – GSM Arena