Unicode

Motorola ဟာ သူတို့ရဲ့ Foldable စမတ်ဖုန်းသစ် RAZR ကြောင့် အများရဲ့ အာရုံစိုက်မှုကို ပြန်ရလာခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၂၃ မှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို ကျင်းပလာမှာဖြစ်ပြီး ဒီပွဲမှာ Motorola ရဲ့ Edge+ Flagship နဲ့အတူ Moto G8, Moto G8 Power အပြင် Midrange ဟန်းဆက်တစ်လုံးကိုပါ မြင်ရဖွယ်ရှိပါတယ်။

ထွက်ထားတဲ့သတင်းတွေအရတော့ Moto G8 မှာ 6.39” လက်မအရွယ် HD+ Display တစ်ခုပါဝင်လာမှာဖြစ်ပြီး Snapdragon 665 ချစ်ပ်ဆက်နဲ့ နောက်ဘက် Triple-camera တို့ပါဝင်လာမယ်လို့ ဆိုပါတယ်။ အဓိက ကင်မရာကတော့ 16MP ဖြစ်ပြီး 2MP Macro နဲ့ 8MP Ultra-wide Sensor တို့ အားဖြည့်လာမှာပါ။

G8 Power ကတော့ Punch-hole တစ်ခုနဲ့ 6.36” လက်မအရွယ် FHD+ Display အသုံးပြုလာမှာဖြစ်ပြီး 25MP ဆဲလ်ဖီကင်မရာတပ်ဆင်ထားမှာပါ။ နောက်ဘက်ကင်မရာတွေက Moto G8 နဲ့အတူတူပဲဖြစ်ပြီး 8MP Telephoto Lens တစ်ခုပါ ထပ်ဖြည့်လာမယ်လို့ ဆိုပါတယ်။

Flagship အသစ် Motorola Edge+ မှာ Punch-hole Display နဲ့အတူ Snapdragon 865 ချစ်ပ်ဆက်အသစ်၊ 12GB RAM တို့ ပါဝင်လာမယ်လို့ ယုံကြည်ရပါတယ်။ SD865 ချစ်ပ်ဆက် ကြေညာခဲ့စဉ်က Motorola ဟာလည်း ဒီချစ်ပ်ဆက်အသစ်နဲ့ စမတ်ဖုန်းထုတ်ဖို့ ကတိပေးခဲ့တဲ့သူတွေထဲတစ်ယောက်အပါအဝင်ဖြစ်တာကြောင့် သင့်တော်တဲ့ Flagship တစ်ခု မိတ်ဆက်လာဖို့လည်း အချိန်ကျနေလောက်ပါပြီ။

Ref – GSM Arena

Zawgyi

Motorola ဟာ သူတုိ႔ရဲ႕ Foldable စမတ္ဖုန္းသစ္ RAZR ေၾကာင့္ အမ်ားရဲ႕ အာရုံစုိက္မႈကို ျပန္ရလာခဲ့ပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီ ၂၃ မွာ ထုတ္ကုန္သစ္မိတ္ဆက္ပြဲကို က်င္းပလာမွာျဖစ္ၿပီး ဒီပြဲမွာ Motorola ရဲ႕ Edge+ Flagship နဲ႔အတူ Moto G8, Moto G8 Power အျပင္ Midrange ဟန္းဆက္တစ္လုံးကုိပါ ျမင္ရဖြယ္ရွိပါတယ္။

ထြက္ထားတဲ့သတင္းေတြအရေတာ့ Moto G8 မွာ 6.39” လက္မအရြယ္ HD+ Display တစ္ခုပါဝင္လာမွာျဖစ္ၿပီး Snapdragon 665 ခ်စ္ပ္ဆက္နဲ႔ ေနာက္ဘက္ Triple-camera တုိ႔ပါဝင္လာမယ္လုိ႔ ဆုိပါတယ္။ အဓိက ကင္မရာကေတာ့ 16MP ျဖစ္ၿပီး 2MP Macro နဲ႔ 8MP Ultra-wide Sensor တုိ႔ အားျဖည့္လာမွာပါ။

G8 Power ကေတာ့ Punch-hole တစ္ခုနဲ႔ 6.36” လက္မအရြယ္ FHD+ Display အသုံးျပဳလာမွာျဖစ္ၿပီး 25MP ဆဲလ္ဖီကင္မရာတပ္ဆင္ထားမွာပါ။ ေနာက္ဘက္ကင္မရာေတြက Moto G8 နဲ႔အတူတူပဲျဖစ္ၿပီး 8MP Telephoto Lens တစ္ခုပါ ထပ္ျဖည့္လာမယ္လို႔ ဆုိပါတယ္။

Flagship အသစ္ Motorola Edge+ မွာ Punch-hole Display နဲ႔အတူ Snapdragon 865 ခ်စ္ပ္ဆက္အသစ္၊ 12GB RAM တုိ႔ ပါဝင္လာမယ္လို႔ ယုံၾကည္ရပါတယ္။ SD865 ခ်စ္ပ္ဆက္ ေၾကညာခဲ့စဥ္က Motorola ဟာလည္း ဒီခ်စ္ပ္ဆက္အသစ္နဲ႔ စမတ္ဖုန္းထုတ္ဖို႔ ကတိေပးခဲ့တဲ့သူေတြထဲတစ္ေယာက္အပါအဝင္ျဖစ္တာေၾကာင့္ သင့္ေတာ္တဲ့ Flagship တစ္ခု မိတ္ဆက္လာဖို႔လည္း အခ်ိန္က်ေနေလာက္ပါၿပီ။

Ref – GSM Arena