Motorola ဟာ နောက်လမှာ Moto Edge X ကို ကြေညာတော့မှာ ဖြစ်ပြီး Snapdragon 8 Gen 1 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ ဒါတင်မကသေးပါဘူး။ Motorola ဟာ 200MP ကင်မရာ ဖုန်းကို ပထမဆုံး ရောင်းချတဲ့ ကုမ္ပဏီလည်း ဖြစ်လာမှာပါ။

The first smartphone with a 200 MP camera will not be shown by Xiaomi - it will be overtaken by Motorola | gagadget.com

နာမည်ကြီး Tipster တွေ ဖြစ်တဲ့ Ice Universe နဲ့ Digital Chat Station တို့က Motorola ဟာ 200MP ကင်မရာ ပါတဲ့ စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေတယ်လို့ ပြောပြီး လက်ရှိမှာ အဲဒီ ဖုန်း အမည်ကို မသိရသေးပါဘူး။

Ice Universe က Xiaomi ဟာ 200MP ကင်မရာ ဖုန်းကို ၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်နဲ့ Samsung ဟာ 200MP ကင်မရာ ဖုန်းကို ၂၀၂၃ ခုနှစ်မှာ ကြေညာမယ်လို့ ပြောပါတယ်။ Motorola ရဲ့ 200MP ကင်မရာ ဖုန်းကိုတော့ အစောဆုံး အနေနဲ့ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ချပြနိုင်ပါတယ်။

မကြာခင် ထွက်လာမယ့် Moto Edge X မှာ ကင်မရာ စွမ်းဆောင်ရည် မြင့်မားမှာဖြစ်ပြီး ဆဲလ်ဖီးအတွက် 60MP OmniVision OV60A 0.61μm ကင်မရာ ဆန်ဆာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ 50MP OmniVision OV50A 1/1.55-inch ကင်မရာ ဆန်ဆာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားမှာပါ။ Moto Edge X ကို နိုင်ငံတကာမှာ Motorola Edge 30 Ultra အမည်နဲ့ ရောင်းချမယ်လို့ ထင်ပါတယ်။

Moto Edge XTENAA iamges

TENAA က စာရင်းအရ အဲဒီဖုန်းရဲ့ အနောက်ဘက်မှာ 50MP+50MP+ 2MP ကင်မရာ ၃ လုံး တပ်ဆင်ထားမှာပါ။ ၆.၆၇ လက်မ OLED FHD+ 144Hz မျက်နှာပြင်၊ Snapdragon 8 Gen 1 ၊ 68W Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ၊ Android 11 နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားနိုင်ပြီး 16GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာပါ။

Ref : gizmochina