Microsoft ဟာ Windows 11 Operating System ကို တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Windows 11 အတွက် Windows Store အသစ်ကိုပါ ပြောင်းလဲမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Windows Store အသစ်ဟာ Software တွေအများအပြားကို တစ်နေရာထဲမှာ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် နောက်ပိုင်းမှာ Android App တွေကိုပါ Download ဆွဲနိုင်မှာဖြစ်ပါတယ်။

အခုလည်း Microsoft Store မှာပထမဆုံးအနေနဲ့ နာမည်ကြီး Web Browser ဖြစ်တဲ့ Mozilla Firefox ကိုပါ Download ရနေပြီဖြစ်ပါတယ်။ Mozilla Firefox ဟာ လက်ရှိ Microsoft Edge နဲ့ Google Chrome လိုမျိုး Chromium Web Engine အစား ကိုယ်ပိုင် Gecko Browser Engine ကို အသုံးပြုထားပါတယ်။

Microsoft ဟာ အခုလို Firefox လိုမျိုး Third-party Software တွေကို တစ်နေရာတည်းမှာ ရယူနိုင်ဖို့အတွက် Open Store Policies အသစ်ကို ပြောင်းလဲထားတာဖြစ်ပါတယ်။ လောလောဆယ်မှာ Google Chrome ကိုတော့ Windows Store မှာရယူနိုင်ခြင်းမရှိသေးဘဲ Opera Browser ကိုတော့ ရယူနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Windows Store မှာ အခုလိုမျိုး Software တွေကို အလွယ်တကူအသုံးပြုနိုင်တာဟာ Windows အသုံးပြုသူတွေအတွက် Software တွေကို ရယူဖို့ ပိုမိုလွယ်ကူသွားသလို Update ပြုလုပ်မှုတွေမှာလည်း ပိုမိုမြန်ဆန်သွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Mozilla Firefox Browser ကို Windows Store မှာ အသုံးပြုချင်တယ်ဆိုရင် Windows 11 အပြင် Windows 10 မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – The Verge